NLD အမတ်တစ်ဦး ငွေကြေးအလွဲသုံးစားမှုနဲ့ ပါတီက ရပ်စဲခံရ
2015.03.04
ပဲခူးတိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပါတီတာဝန်ကနေ တစ်နှစ် ရပ်စဲလိုက်ကြောင်း သိရပါတယ်။
ငွေအလွဲသုံးစားမှှုနဲ့ ပါတီတာဝန်ကနေ ရပ်နားလိုက်တာဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။
"စာရောက်နေပါပြီဗျာ၊ သူ့ဆီကို အဲ့ဒါအမှန်ပါပဲ၊ သူ့ကိုတာဝန်ရပ်စဲလိုက်ပါတယ်၊ ပဲခူးတိုင်းကို ပေးလိုက်ပါ ပြီ၊ ငွေအလွဲသုံးစားမှု နှစ်မှုပါ၊ အဲ့ဒီအပေါ်မှာ တာဝန်ရပ်စဲ လိုက်တာပါ၊ ကျနော်လွှတ်တော်ကိုယ်စားလှယ်ကိစ္စ ဘာမှမပြောထားပါဘူး"
ကာယကံရှင်ဖြစ်တဲ့ ဦးစိန်ထွန်းကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ကနေ ပေးပို့တဲ့အကြောင်းကြားစာ မရောက်ရှိသေးကြောင်း ပြောပါတယ်။
"ကျနော်ဆီကို တရားဝင်စာမလာသေးတော့ ဘာအကြောင်းအရာနဲ့ ဘယ်လိုလုပ်လဲ ဆိုတာတော့ ကျနော်တို့ က တရားဝင်ပြောလို့တော့ မရသေးဘူးဗျ၊ NLD ရုံးချုပ်ကနေ တရားဝင်လာရမှာပါ၊ နောက်ခရိုင်၊ တိုင်း၊ မြို့နယ်တွေကို တရားဝင်စာ တစ်ခုမှ မဝင် သေးဘူးဗျ၊ ကျနော်မှာတော့ အဲ့လိုကိစ္စမရှိဘူး၊ တရားဝင်သာ ကျနော်ဆီဝင်လာရင် အဲ့စာပါအကြောင်းအရာတိုင်းပဲ ကျနော်ဘက်ကတော့ မှန်ကန်နဲ့လမ်းကြောင်း တိုင်း ဖြေရှင်းသွားမှာပါ "
ဦးစိန်ထွန်းဟာ တောင်ငူခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌအဖြစ် တာဝန်ယူ လုပ်ကိုင်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ထန်းတပင်မြို့ နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ် ခံခဲ့ရတာ ဖြစ်ပါတယ်။