မြန်မာ့အကြွေး ဒေါ်လာသန်း ၃၅၀၀ ကျော် ဂျပန်က လျော်ပစ်လိုက်ပြီ
မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကြိုးပမ်းမှု၊ စီးပွါးရေးနဲ့လူမှုရေးပြောင်းလဲ တိုးတက်အောင် ဆောင်ရွက်မှုတွေကို အားပေးကူညီတဲ့အနေနဲ့ မြန်မာအစိုးရထံက ရစရာရှိတဲ့ကြွေးမြီ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၅၈ဝ ကို ဂျပန်နိုင်ငံ လျော်ပစ်လိုက်ပါတယ်။
-
2013-01-30 -
-
-
ရန်ကုန်မြို့ရှိ ဂျပန်သံရုံးရဲ့ ဇန်နဝါရီလ ၃ဝ ရက်နေ့ကြေညာချက်မှာ မြန်မာပြည်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်လက်ပံ့ပိုးဖို့ အရေးကြီးတယ်လို့ ဂျပန်အစိုးရက ယုံကြည်တဲ့အတွက် အကူအညီတွေ ကျယ်ကျယ်ပျံ့ပျံ့ပေးအပ်မှာ ဖြစ်ကြောင်းနဲ့ မြန်မာပြည်အနေနဲ့ နိုင်ငံတကာကနေ အထောက်အပံ့တွေ ရရှိရေးအတွက်လည်း ဂျပန်နိုင်ငံက ဆက်လက်ဦးဆောင်ကြိုးပမ်းမှာဖြစ်ကြောင်း ဖေါ်ပြထားပါတယ်။