စားကျက်မြေ ဧက၂၀၀ ကျော် ပြန်လည်ရရှိရေး ဆန္ဒပြ

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စုက စားကျက်မြေ ဧက၂၀၀ ကျော် ပြန်လည်ရရှိဖို့အတွက် ဒေသခံ ၇၀ လောက် က ဒီနေ့ ဒိုက်ဦးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စုက စားကျက်မြေ ဧက၂၀၀ ကျော် ပြန်လည် ရရှိဖို့အတွက် ဒေသခံ ၇၀ လောက်က ဒီနေ့ ဒိုက်ဦးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။

မြေစာရင်းဦးစီးဌာနက စားကျက်မြေဧက ၂၀၀ ကျော်အတွက် လယ်ယာမြေပိုင်ဆိုင်ခွင့် ပုံစံ ၇ ကို လုပ်ငန်းရှင်တစ်ချို့ကို ချပေးလိုက်တာကြောင့် ဆန္ဒပြခဲ့တာဖြစ်တယ်လို့ ဒေသခံတောင်သူ ဦးတင်နိုင်ထွန်းက ပြောပါတယ်။

"ဒိုက်ဦးမြို့က ဦးလှမြင့် အပါ ၃၉ ဦးပေါ့ ဝယ်ယူထားတာပေါ့၊ အရင်ကဘယ်သူမှ မပိုင်ဘူးလေ ဒါပြည်သူပိုင် ပဲလေ၊ သူတို့က ပုံစံ ၇ အရ ထုတ်လိုက်တာလေ၊ စားကျက်မြေက ကာလပေါက်ဈေး တစ်ဧက သိန်း ၂၅ လောက် တန်တယ်လေ၊ သူကပိုက်ဆံရှိတော့ ပုံစံ ၇ ရအောင်လုပ်လိုက်တာပါ"

ဒိုက်ဦးမြို့နယ် မြေစာရင်းဦးစီးဌာနက စားကျက်မြေနေရာအတွက် လယ်ယာမြေပိုင်ဆိုင်ခွင့် လျှောက်ထားသူ ဦးလှမြင့် အပါအဝင် ၃၉ ဦးကို ပြီးခဲ့တဲ့ မတ်လက ပုံစံ ၇ ချထားပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ပိုင်ဆိုင်ခွင့်ရရှိထားသူတွေက အဲဒီစားကျက်မြေပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလက ဝင်ရောက်ထွန်ယက်ခဲ့ တာကြောင့် ဒေသခံတွေက သွားရောက်တားမြစ်ခဲ့ကြပါတယ်။

အဲဒီလိုတားမြစ်ခဲ့တဲ့ ဒေသခံ ၁၁ ဦးကို ပုံစံ ၇ ရရှိထားသူတွေက ဒိုက်ဦးမြို့နယ် ရဲစခန်းမှာ ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှု၊ အုပ်စုဖွဲ့အနိုင်ကျင့်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org