ဝမ်းပျက်ရောဂါ ကုသဆေး ကမ္ဘာတစ်ဝန်း ပြတ်လပ်

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဆူဒန်၊ အီသီယိုးပီးယား၊ နိုက်ဂျာ စတဲ့ နိုင်ငံတွေမှာ ၀မ်းပျက်၀မ်းလျှောရောဂါတွေ ဖြစ်ပွားခဲ့ပြီးနောက် အခုလို ဆေးပြတ်လပ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

သာကေတမြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှော ဖြစ်နေသည့် လူနာတစ်ဦးကို လူမှုကူညီရေးအသင်းမှ ဆေးခန်းသို့ ပို့ဆောင်ရန် ကူညီနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။ Facebook/သင်္ခါရဝိမုတ္တိ လူမှုကူညီရေးအသင်း

ဝမ်းလျှော၀မ်းပျက်ရောဂါအတွက် သောက်ဆေး ကမ္ဘာတစ်ဝန်းမှာ ပြတ်လပ်သွားတာကြောင့် ကာလ၀မ်းရောဂါကာကွယ်ရေးလုပ်ငန်း ထိခိုက်နေရတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သောကြာနေ့က ထုတ်ပြန်ကြေညာတယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။

အခုလို ဆေးပြတ်သွားခြင်းဟာ ထုတ်လုပ်မှုရပ်သွားလို့မဟုတ်ဘဲ လိုအပ်ချက်များလာတာကြောင့်လို့ ဆိုပါတယ်။

“အောက်တိုဘာ ၁၄ ရက်နေ့မှာ လုံး၀ပြတ်သွားတာ ဘာမှကို မကျန်တော့ဘူး” လို့ ပြီးခဲ့တဲ့ WHO ရဲ့ အခြေအနေတင်ပြတဲ့ အစီရင်ခံစာမှာ ရေးထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကနေ အောက်တိုဘာ ၁၄ ရက်နေ့အတွင်း မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဆူဒန်၊ အီသီယိုးပီးယား၊ နိုက်ဂျာ စတဲ့ နိုင်ငံတွေမှာ ၀မ်းပျက်၀မ်းလျှောရောဂါတွေ ဖြစ်ပွားခဲ့ပြီးနောက် အခုလို ဆေးပြတ်လပ်မှုတွေ ဖြစ်ပွားခဲ့တာပါ။

လက်ရှိမှာ လိုအပ်ချက်အရ ဆေးအမှာစာ ရှစ်သန်းကျော် မှာယူထားပေမဲ့ ခုနစ်သန်းခွဲကျော်ပဲ ပေးပို့နိုင်ခဲ့ပါတယ်။

WHO ရဲ့ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်အတွင်း ဝမ်းရောဂါဖြစ်ပွားသူ လေးသိန်းခွဲနီးပါး (၄၃၉,၇၂၄) ရှိခဲ့ပြီး သေဆုံးသူက သုံးထောင်ကျော် (၃၄၃၂) ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org