လေးစားမှုနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ အမေရိကန် သံအမတ်ကြီး တိုက်တွန်း

တိုင်းရင်းသားမျိုးနွယ်စုတွေ အချင်းချင်း အပြန်အလှန်လေးစားပြီး အမျိုးသားပြန် လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ရေရှည်တည် တံ့အောင်မြင်အောင်လုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

အမေရိကန်သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ် မြစ်ကြီးနားမြို့ မနောကွင်းဥယျာဉ် အောက်တိုဘာလ ၂၅ ရက်နေ့က ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုှ ဗဟိုကော်မတီရုံးက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံစဉ် photo: RFA/ Kyaw Myo Min

တိုင်းရင်းသားမျိုးနွယ်စုတွေ အချင်းချင်း အပြန် အလှန်လေးစားပြီး အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးကို ရေရှည်တည်တံ့အောင်မြင်အောင် လုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ်က ဒီနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်ရှိနေတဲ့ အမေရိကန်သံအမတ်ကြီးဟာ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းဥယျာဉ်မှာရှိတဲ့ ကချင်လူမျိုးများရိုးရာ ယဉ်ကျေးမှုဗဟိုကော်မတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန်မှာ ခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီနေ့ အမေရိကန်သံအမတ်ကြီး Derek Mitchell နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီဥက္ကဋ္ဌ ဦးလမြာဝူက RFA ကို အခုလိုပြောပါတယ်။

“ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးမှ နိုင်ငံတော်အစိုးရ၊ နိုင်ငံတော်သမ္မတနဲ့ တွေ့တဲ့အခါမှာလည်း ပြောပေးဖို့၊ ဒီကချင်ပြည်နယ်အတွက်ပေါ့၊ ငြိမ်းချမ်းရေးရရှိအောင်”

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ်ထဲမှာဖြစ်ပွားခဲ့တဲ့ အစိုးရတပ်နဲ့ ကေအိုင်အေတပ်တွေရဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်သံအမတ်ကြီးဟာ နေပြည်တော်မှာ အစိုးရနဲ့ ဆွေးနွေးခဲ့တယ်လို့ပြောပါတယ်။

သံအမတ်ကြီးရဲ့ ဒီခရီးစဉ်အတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ ၊ ရှမ်းမျိုးနွယ်စုများရေးရာအဖွဲ့၊ ခရစ်ယာန်ဘာသာရေးအဖွဲ့တွေ အပါအဝင် လူမှုအဖွဲ့အစည်းအချို့နဲ့လည်း တွေ့ဆုံဖို့စီစဉ်ထား တယ်လို့ သိရပါတယ်။ သံအမတ်ကြီး မစ္စတာဒဲရစ်မစ်ချယ် ရဲ့ မြစ်ကြီးနားခရီးစဉ်ဟာ ဒုတိယမြောက်ခရီးစဉ်ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org