ဒီပဲယင်း အမှတ်ရဆွမ်းကျွေးပွဲ ဖို့ဝိန်းမြို့မှာကျင်းပ
ဒီပဲယင်းအရေးအခင်းမှာ ကွယ်လွန်ခဲ့ ရသူတွေကို ရည်စူးအမျှပေးဝေတဲ့ ဆွမ်းကျွေးပွဲကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ စနေနေ့ မနေ့က ကျင်းခဲ့ပါတယ်။
-
2014-06-01 -
-
-
ဒီပဲယင်းအရေးအခင်းမှာ ကွယ်လွန်ခဲ့ရသူတွေကို ရည်စူးအမျှပေးဝေတဲ့ ဆွမ်းကျွေးပွဲကို အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ စနေနေ့ မနေ့က ကျင်းခဲ့ပါတယ်။
အဲ့ဒီအခမ်းအနားကို ၂ဝဝ၃ ခုနှစ် မေလ ၃ဝ ရက်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး မှာ ဒေါ်အောင်ဆန်းစုကြည်လိုက်ပါတဲ့ NLD စည်းရုံးရေး ယာဉ်တန်းကို အစိုးရသြဇာခံလို့ယူဆရတဲ့ အကြမ်းဖက် သမားတွေ တိုက်ခိုက်ခံရစဉ်က အသက်မသေ လွတ်မြောက်ခဲ့ပြီး ယခု အမေရိကန်ပြည်ထောင်စု မှာ ရောက်ရှိအခြေချနေထိုင်သူ တချို့ဦးဆောင်ကျင်းပခဲ့ ကြတယ်လို့ NLD အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဒေါ်ခင်စန်းနွယ် က RFA ကိုပြောပါတယ်။
"ဒီပဲယင်းမှာတုန်းက ပါဝင်ခဲ့တဲ့ အရိုက်ခံရပြီးတော့ ထွက်ပြေးလာခဲ့တဲ့ ဒေါ်ညွန့်ညွန့်တို့ ဝဏ္ဏမောင်တို့ ဦးဆောင်ပြီးတော့ပေါ့နော်၊ ကျမတို့ NLD USA အဖွဲ့တွေနဲ့ စုပေါင်းပြီးတော့ ဒီပဲယင်းမှာ ကျဆုံးသွားကြတဲ့၊ သေဆုံးသွားကြတဲ့ လူတွေအတွက်ကို ရည်စူးပြီးတော့ တောင်တော ဓမ္မစေတီ ဆရာတော်ကြီး ကကြွလာတယ်တယ်လေ၊ ဖို့ဝိန်းမြို့ကိုကြွလာတဲ့ အချိန်နဲ့တိုက်ဆိုင်တဲ့အတွက်ကြောင့်မို့ ကျမတို့ အဲ့ဆရာတော်တွေနဲ့ နောက်တခါ ဆရာတော်ကြီးတွေ အားလုံး ၇ ပါးကိုဆွမ်းကပ်ကြပါတယ်"
ဖို့ဝိန်းမြို့ ဇေတဝန်ကျောင်းတိုက်မှာ မနေ့က ကျင်းပတဲ့ ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှှု ၁၁ နှစ်မြောက် အမှတ်တရ ဆွမ်းကျွေးပွဲကို မြန်မာနိုင်ငံသား ၃ဝ ခန့် လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။