ရိုဟင်ဂျာပြန်ပို့ရေးအစီအစဉ် ရပ်တန့်ဖို့ လူ့အခွင့်ရေးအဖွဲ့တောင်းဆို

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ လုပ်နေပါတယ်။

လူမျိုးတုံးသတ်ဖြတ်ခံရမှု ခြောက်နှစ်ပြည့်အဖြစ် ၂ဝ၂၃ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်များ စုရုံးဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။ AFP

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့ ပေါင်းပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ဖို့ လုပ်နေတယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။

ဒီလိုလုပ်ရပ်ကို ချက်ချင်းရပ်ဖို့လည်း တောင်းဆိုထားပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဟာ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် နိုင်ငံတကာ တရားမျှတမှုဖော်ဆောင်နိုင်ဖို့ ကြိုးစားနေပေမယ့် တစ်ဖက်မှာလည်း ရိုဟင်ဂျာတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေမပေးဘဲ ချိုးဖောက်နေတယ်လို့ Fortify Rights ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို စစ်သွေးကြွတွေ သတ်ဖြတ်နေတာ၊ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ရိုဟင်ဂျာတွေကို ဥပဒေမဲ့ ဖမ်းဆီးနေတာ၊ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် မပေးတာတွေကို အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

လာမယ့် နို၀င်ဘာ ၁၃ ရက်နေ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို ဆွေးနွေးဖို့ရှိနေပြီး၊ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ဆွေးနွေးနိုင်ဖို့ Fortify Rights အဖွဲ့က အကြံပြုချက် ၁၅ ချက်ပါတဲ့ အစီရင်ခံစာကို တင်သွင်းလိုက်တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org