၂၀၂၄ အတွင်း ကရင်နီဒေသမှာ သေဆုံးဒဏ်ရာရသူ ရာချီရှိကြောင်း KnHRG ထုတ်ပြန်

ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ကရင်နီပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာနေတဲ့အကြောင်းနဲ့ စစ်ကောင်စီကြောင့် အရပ်သား ၁၀၆ ဦး သေဆုံးခဲ့ရပြီး ၂၃၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KnHRG က ဖေဖော်ဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ပါတယ်။

ကယားပြည်နယ်၊ လွိုင်လင်လေးမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွာသည့် နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။ Facebook/ Karenni Human Rights Group

ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ကရင်နီပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုးလာနေတဲ့အကြောင်းနဲ့ စစ်ကောင်စီကြောင့် အရပ်သား ၁၀၆ ဦး သေဆုံးခဲ့ရပြီး ၂၃၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က ဖေဖော်ဝါရီလ ၃ ရက်နေ့ ထုတ်ပြန်ပါတယ်။ သူတို့ဟာ လေကြောင်းကနေ တိုက်ခိုက်ခံရတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ အပါအဝင် မြေမြှုပ်မိုင်းတွေကြောင့် သေဆုံး ဒဏ်ရာရကြတာလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ကရင်နီပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည် ၂၁၀,၀၀၀ အထိရှိလာနေပြီး ၂၀၂၃ ခုနှစ်ကထက် တိုးလာတယ်လို့ ဆိုပါတယ်။ စစ်ရဲ့ အကျိုးသက်ရောက်မှုတွေကို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေမှာ အဓိက ခံစားနေရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေနဲ့ တွေ့ကြုံနေရတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် စစ်ဘေးဒုက္ခသည်တွေအတွက် အလှူငွေ ကန့်သတ်ဖြတ်တောက်ခံနေရတဲ့အတွက် အကန့်အသတ်နဲ့ပဲ ပံ့ပိုးကူညီနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံအရေးအတွက် ကူညီပေးဖို့နဲ့ စစ်ရာဇဝတ်မှုကျူးလွန်နေတာတွေကို အရေးယူနိုင်အောင် ကူညီဖို့ကိုလည်း တောင်းဆိုထားပါတယ်။ စစ်ကောင်စီကို လက်နက်ရောင်းချတာနဲ့ လေယာဉ်ဆီ တင်ပို့ရောင်းချတာတွေကိုလည်း ရပ်တန့်ဖို့လည်း တိုက်တွန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org