ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ပြုလုပ်

နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဆုံးအကြိမ် သတင်းစာ ရှင်းလင်းပွဲကို NLD ရုံးချုပ်မှာ ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ပါတယ်။

ဒီ သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှုူးကြီး သန်းရွှေနဲ့ စကားပြောဖို့ ကမ်းလှမ်းခဲ့သလို သူ့ကို ဖမ်းဆီး ချုပ်နှောင်ခဲ့တာတွေကိုလည်း အာဃာတ မထားရှိကြောင်း ပြောကြားခဲ့ပါတယ်။

တနာရီ နီးပါး ကြာမြင့်တဲ့ ဒီ သတင်းစာ ရှင်းလင်းပွဲကို ပြည်ပ သတင်းဌာနတွေက သတင်းထောက်တွေနဲ့အတူ ပြည်တွင်း သတင်းမီဒီယာတွေက သတင်းထောက်တွေလည်း တက်ရောက်ခဲ့ပါတယ်။

ဘန်ကောက်မြို့ရောက် RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က ဘန်ကောက်မြို့ကနေ သတင်း ဆက်သွယ်မေးမြန်းပြီး စုစည်း တင်ပြထားတာကို နားဆင်နိုငိပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org