ဒေါ်အောင်ဆန်းစုကြည်နဲ့ UNA တိုင်းရင်းသားအဖွဲ့တွေ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့(UNA) တို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် အဓိကဆွေးနွေးကြမယ်လိ့ု သတင်းရရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA) တို့ဟာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အဓိကဆွေးနွေးကြမယ်လိ့ု သတင်းရရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ မနက်ဖြန်မနက်ပိုင်းမှာ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ တွေ့ဆုံမှာဖြစ်ပြီး အဲဒီတွေ့ဆုံပွဲမှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို ကြိုတင်ညှိနှိုင်းထားတာမရှိပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဆွေးနွေးမယ်လို့ ယူဆကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဥက္ကဌ ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

"ကျနော့်အထင်ပြောရင်တော့ လက်ရှိနိုင်ငံရေးဖြစ်ပေါ်နေတဲ့ အနေအထားတွေ ပြီးတော့ပြည်တွင်းစစ်ရပ်စဲဖို့ ပြည်တွင်းငြိမ်ချမ်းရေးကိုဖော်ဆောင်ဖို့၊ ဒီကိစ္စတွေက မလွဲမသေ ဆွေးနွေးချက်ထဲမှာ ပါလာလိမ့်မယ်လို့ ကျနော်ထင်ပါတယ်၊ အထူးသဖြင့်ကတော့ ၂ဝ၁၅ ရွေးကောက်ပွဲမတိုင်မှီ ၂ဝဝ၈ အခြေခံဥပဒေပြင်ရေးဆိုတာကတော့ ပါလာလိမ့်မယ်လို့ထင်ပါတယ်၊ ကြိုတင်ပြီးတော့ ဆွေးနွေးမယ်၊ ကျနော်တို့ကို အကြောင်းကြားထားတာလည်း မရှိပါဘူး၊ ကျနော်တို့ကလည်း ဘာတွေကိုဆွေးနွေးမယ်ဆိုတာတော့ ကြိုတင်ပြီးသတ်မှတ်ထားတာမရှိပါဘူး"


UNA အဖွဲ့ဝင်တွေ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ဇိုမီးကွန်ဂရက်ပါတီ ၊ ကရင်အမျိုးသားပါတီစတဲ့ အဖွဲ့တွေဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org