ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည် သွားမည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီကာလအတွင်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
-
2017-11-27 -
-
-
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာမီကာလအတွင်း တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်ဖို့ရှိတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံအစိုးရရဲ့ ဖိတ်ကြားချက်အရ ပေကျင်းမြို့မှာ ကျင်းပပြုလုပ်မယ့့်် တရုတ်ကွန်မြူနစ်ပါတီနဲ့ ပြည်ပနိုင်ငံရေး ပါတီတွေအကြား အဆင့်မြင့်ခေါင်းဆောင်တွေ ဆွေးနွေးပွဲကို တက်ရောက်ဖို့နဲ့ နှစ်နိုင်ငံချစ်ကြည်ရေး မြှင့်တင်ဖို့ အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်မှာဖြစ်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အဖွဲ့ဟာလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပါတယ်။
တရုတ်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံစဉ်မှာ ရခိုင်ပြည်နယ်အရေးအပါအဝင် နှစ်နိုင်ငံ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းဖို့ တပ်မတော်နှစ်ရပ်အကြား တေ့ွဆုံဆွေးနွေးမှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။