နိုင်ငံသားပေးရေးကိစ္စ သတိထားဖို့ ဒေါ်အောင်ဆန်း စုကြည် ပြောကြား

လူနည်းစုတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ရေးကိစ္စဟာ အင်မတန် ထိလွယ်ရှလွယ် သိမ်မွေ့လွန်းတာမို့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများကြီး သတိထားလုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို မေလ ၁၆ ရက်နေ့က မွန်ပြည်နယ် မော်လမြိုင်မြို့ လူထုတွေ့ဆုံပွဲမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

လူနည်းစုတွေကို နိုင်ငံသားအဖြစ် သတ်မှတ်ရေးကိစ္စဟာ အင်မတန် ထိလွယ်ရှလွယ် သိမ်မွေ့လွန်းတာမို့ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများကြီး သတိထားလုပ်ဆောင်ရမယ့် ကိစ္စဖြစ်တယ်လို့  ဒေါ်အောင်ဆန်းစုကြည်က  ပြောကြားလိုက်ပါတယ်။

မနေ့ညက ထွက်လာတဲ့ အမေရိကန် ပြည်ထောင်စုက ဝါရှင်တန်ပို့စ် သတင်းစာကြီးနဲ့ အင်တာဗျူး မေးမြန်းခန်းမှာ ရိုဟင်ဂျာတွေကို နိုင်ငံသားပေးသင့်ပါသလားလို့ မေးမြန်းတာကို သူက တိုက်ရိုက် မဖြေပဲ အခုလို ပြောသွား တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဘာသာရေးအုပ်စုတွေ လူမျိုးရေး အုပ်စုတွေ အများအပြားရှိနေပြီး အုပ်စုကို တစ်ခုခု လုပ်ပေးလိုက် ရင် တခြား အုပ်စုတစ်စုကို ဆက်နွယ်ထိပါးသွားနိုင်ပါတယ်။ ဒီလို အင်မတန်နက်နဲ ရှုတ်ထွေးတဲ့ ကိစ္စရပ်မျိုးကို နေ့ချင်းညချင်း အချိန်တိုတိုနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အဲ့ဒီမေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။ မြန်ဆန်ထိရောက်စွာ သတိကြီးစွာနဲ့ ကိုင်တွယ်ရမှာဖြစ်ပြီး အစိုးရအနေနဲ့ လုပ်ဆောင်နေတာတွေဟာ ကျေနပ်လုံလောက်စရာ ရှိရဲ့လားဆိုတာ ပြောရမှာခက်တယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org