AIDS ရောဂါ တိုက်ဖျက်ရေး မေတ္တာကရုဏာ ပိုထားကြဖို့ ဒေါ်အောင်ဆန်း စုကြည်ပြော

တစ်ကမ္ဘာလုံး AIDS ရောဂါတိုက်ဖျက်ဖို့ ကြိုးပမ်းရာမှာ ပွင့်လင်းမြင်သာမှု ပိုမိုရှိကြပြီး ကရုဏာတရား ပိုမိုထားရှိဖို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့ AIDS နေ့မှာ သြစတြေးလျနိုင်ငံ Melbourne မြို့မှာ မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်ပုံ photo: Internet

တစ်ကမ္ဘာလုံး AIDS  ရောဂါတိုက်ဖျက်ဖို့ ကြိုးပမ်းရာမှာ ပွင့်လင်းမြင်သာမှု ပိုမိုရှိကြပြီး ကရုဏာတရား ပိုမိုထားရှိဖို့  NLD  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့  ကမ္ဘာ့ AIDS နေ့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့  UNAIDS  ညွှန်ကြားရေးမှူး  Michael Sidibe တို့ဟာ HIV/AIDS  ဝေဒနာရှင်တွေ ခွဲခြားဆက်ဆံခံရ တာကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုသစ်ဖြစ်တဲ့ ခွဲခြားဆက်ဆံခံရမှု လုံးဝမရှိရေးလှုပ်ရှားမှုကို Melbourne မြို့မှာ  စတင်ဖွင့်လှစ်လိုက်ပြီး ခုလို ပြောသွားတာပါ။

အဆင့်အတန်း ခွဲခြားဆက်ဆံခံရတာကို ဆန့်ကျင် တိုက်ဖျက်ရတာဟာ ကြောက်ရွံ့ခြင်းက လွတ်ကင်းအောင် ကျမကိုယ်တိုင် လှုပ်ရှားရုန်းကန်နေရာတာ မျိုး ဖြစ်ပါတယ်လို့ ပြောပါတယ်။

ကမ္ဘာ့ AIDS   နေ့မှာ  Zero Discrimination  ခွဲခြားဆက်ဆံခံရမှု လုံးဝမရှိရေးအတွက် လှုံ့ဆော်လှုပ်ရှားစည်းရုံးတာဖြစ်ပြီး  ကမ္ဘာ့ခွဲခြားဆက်ဆံခံရမှု လုံးဝမရှိရေး ပထမဆုံးနေ့ကို ၂၀၁၄ မတ်လ ၁ ရက်မှာ ကျင်းပပါမယ်။

ဒီခွဲခြားဆက်ဆံခံရမှု လုံးဝမရှိရေးကို ရင်ထဲအသည်းထဲက စတင်ဖို့ပဲဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ တွက်ကပ်မှုတွေမထားပဲ  ပိုမိုနွေးထွေးမှုနဲ့  ပိုမို မေတ္တာကရုဏာထားရပါမယ်၊  မတူကွဲပြားမှုဆိုတာတွေရှိပြီး ဒီလိုရှိတာကိုလည်း အသိအမှတ်ပြုရမှာဖြစ်ပေမယ့် အဲဒီ မတူကွဲပြားတာတွေက  လူသားပိုမိုပီသဖို့ အခွင့်အလမ်းတစ်ရပ် ဖြစ်သင့်ပါတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org