လွှတ်တော်ကိုယ်စားလှယ်တွေ ကတိတည်ဖို့ ဒေါ်အောင်ဆန်း စုကြည်ပြော

လွှတ်တော်ကိုယ်စားလှယ်တွေ ဟာ ပြည်သူတွေထံက မဲကိုတောင်းပြီ ဆိုရင် ပြည်သူလူထုအတွက် ပြန်လုပ်ပေးရမယ်ဆိုတဲ့ ကတိ ကိုပေးထားတာဖြစ်ကြောင်းနဲ့ အဲဒီလို ပြန်လုပ်မပေးနိုင်ဘူး ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံစရာမ လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့ အောင်ဇမ္မူအားကစားကွင်း မှာ ဒီဇင်ဘာလ ၂၆ ရက်နေ့ကကျင်းပတဲ့ ကော့မှူးမြို့တည်နှစ် ၅ဝ ပြည့်အခမ်းအနားကို တက်ရောက်စဉ် Photo: Myo Zaw Ko/RFA

လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူတွေထံက မဲကိုတောင်းပြီဆိုရင် ပြည်သူလူထုအတွက် ပြန် လုပ်ပေး ရမယ်ဆိုတဲ့ ကတိကိုပေးထားတာဖြစ်ကြောင်း နဲ့ အဲဒီ လို ပြန်လုပ်မပေးနိုင်ဘူးဆိုရင် လွှတ်တော်ကိုယ် စားလှယ်အဖြစ် အရွေးခံစရာမလိုကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

ရန်ကုန်တိုင်း ကော့မှူးမြို့ အောင်ဇဗ္ဗူအားကစားကွင်းမှာ ကျင်းပတဲ့ ကော့မှူးမြို့တည်နှစ် ၅၀ ပြည့် အခမ်အနား မိန့်ခွန်းပြောကြားရာမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောခဲ့တာပါ။

"လောကကြီးမှာ ဘာမှအလကားမရဘူး၊ အလကားလည်း မယူချင်ရဘူး၊ ပြည်သူရဲ့မဲတွေ ကို တောင်း လိုက်ပြီဆိုရင် ပြည်သူကိုကိုယ်က ဘာပြန်ပေးမလဲ ဆိုတာ အဲဒါပထမဦးဆုံးစဉ်းစား ရမယ်၊ ပြန်ပေးနိုင်တဲ့ အရည်အချင်းမရှိလို့ရှိရင် ဒီမဲကိုလည်း တောင်းစရာ မလိုဘူး၊ ကိုယ်စား လှယ်အဖြစ်နဲ့လည်း ရွေးခံစရာမလိုဘူး"

ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် မြို့နယ်သူမြို့နယ်သားတွေ ကိုယ်တိုင်က ပူးပေါင်းပါဝင်မှ တိုးတက်မှုကိုရမှာဖြစ်ကြောင်း ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကော့မှူးမြို့မှာရှိတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက ဖွင့်လှစ်ထားတဲ့ ချက်နည်းပြုတ်နည်း နဲ့ ဟိုတယ်စီမံခန့်ခွဲမှု သင်တန်းကျောင်း HCTA ဟိုတယ်သင်တန်းကျောင်းကိုလည်း သွားရောက်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုနေမျိုးထွန်း ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org