တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်လမ်း အကောင်အထည်ဖော်ရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

တရုတ်-မြန်မာစီးပွားရေး စြင်္ကန်လမ်း “The Belt and Road” အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်ကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး မြန်မာအစိုးရက ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံ၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe ကို ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ရစဉ် Photo: Myanmar State Counsellor Office

တရုတ်-မြန်မာစီးပွားရေး စြင်္ကန်လမ်း “The Belt and Road” အကောင်အထည်ဖော် ဆောင်ရွက်ရေးဆိုင်ရာ ဦးဆောင်ကော်မတီကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဦးဆောင်ပြီး မြန်မာအစိုးရက ဖွဲ့စည်းထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ပါတယ်။

တရုတ်-မြန်မာ စီးပွားရေးစြင်္ကန်လမ်း လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ တရုတ်နိုင်ငံ၊ အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Ning Jizhe က အခုလ ၂၄ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

သူရဲ့ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဝန်ကြီးဌာန ၇ ခုက ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ နိုင်ငံတော် ဗဟိုဘဏ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး သုတေသနဌာန စတဲ့ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တဆက်တည်းမှာပဲ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းတို့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေ၊ တရုတ်-မြန်မာ စီးပွားရေး စြင်္ကန်လမ်း ပူးတွဲတည်ထောင်ရေးကို တွန်းအားပေးဖော်ဆောင်ဖို့နဲ့ ရန်ကုန်မြို့သစ်ဖော်ဆောင်ရေး လုပ်ငန်းတွေကို ဆွေးနွေးခဲ့တယ်လို့လည်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်း ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org