နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကျန်းမာရေးစစ်ဆေးခံပြီး အနား ယူနေ

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိဘဲ အခုချိန်မှာ အနားယူနေတယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့် ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ကုလသမဂ္ဂ အထွေအထွေညီလာခံမှာ စက်တင်ဘာလ ၂၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ် Photo: UN Photo/Cia Pak

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်စရာ မရှိဘဲ အခုချိန်မှာ အနားယူနေတယ်လို့ နိုင်ငံတော်သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

မြန်မာနိုင်ငံက ကျွမ်းကျင်တဲ့ ဆရာဝန်တွေရဲ့ ဆေးစစ်ချက်ခံယူခဲ့တာဖြစ်ပြီး အနားယူဖို့ လိုအပ်တဲ့အတွက် နားနေတာဖြစ်တယ်လို့လည်း ဦးဇော်ဌေး က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ခရီးစဉ်မှာ အစီအစဉ်တွေများလွန်းတာကြောင့် နားချိန်နည်းပါးခဲ့ပြီး ပင်ပန်းနွမ်းနွယ်တာ၊ စားသောက်ချိန်မမှန်တဲ့အတွက် အစာအိမ် ရောင်ရမ်းတာနဲ့ ကွန်ပျုတာ အကြည့်များလို့ အရိုးကျည်းပေါင်းတက်တာတွေ ရှိနေကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက မနေ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွေကို စက်တင်ဘာ ၁၆ ရက်နေ့က စတင်သွားရောက်ခဲ့ပြီး မနေ့ညက ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org