ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်း ဆန္ဒပြ

ငြိမ်းချမ်းရေးရရှိဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကြိုးပမ်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့တစ်သားတည်းရှိကြောင်း ထောက်ခံဆန္ဒပြပွဲကို ထောက်ခံသူ ၃၀ ခန့်ဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြောင်းဆန္ဒပြပွဲကို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ပြုလုပ်ခဲ့စဉ် .

ငြိမ်းချမ်းရေးရရှိဖို့နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ကြိုးပမ်းနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့တစ်သားတည်းရှိကြောင်း ထောက်ခံဆန္ဒပြပွဲကို ထောက်ခံသူ ၃၀ ခန့်ဟာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။

လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေတွေအရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာကနေ ဖိအားပေးနေတာတွေ ရှိနေပြီး ဒေါ်အောင်ဆန်စုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို ထောက်ခံတဲ့အနေနဲ့ အခုလို လုပ်တာလို့ ဒီကနေ့ လူထုလှုပ်ရှားမှုကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်ကြည်ကြည်လွင်က ပြောပါတယ်။

ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒို့ပြည်သူ၊ ငြိမ်းချမ်းရေးနဲ့ ခြေဥပြင်၊ ပြည်သူ့လိုအပ်ချက် ချက်ချင်းပေး၊ ၂၀၀၈ ခြေဥ ပြင်ဆင်ဖို့ ပြည်သူအားလုံးတောင်းဆိုစို့ ဆိုတဲ့ ကြွေးကြော်သံတွေနဲ့လည်း တောင်းဆိုခဲ့ကြပါတယ်။

အဲဒီစာကြွေးကြော်သံစာသားတွေပါတဲ့ လက်ကမ်းစာရွက်တွေကိုလည်း လိုက်လံဝေငှခဲ့တယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org