အာဇာနည်ကြီးတွေချခဲ့တဲ့ လမ်းစဉ် မပြီးသေးဘူးလို့ဒေါ်အောင်ဆန်း စုကြည် ပြော
အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကို ကိုယ် စားပြုပြီး မြန်မာနိုင်ငံကို လွတ်လပ်တဲ့ ဒီမိုကရေ စီ ပြည်ထောင်စုဖြစ်အောင် ကြိုးပမ်းခဲ့တာဖြစ်တဲ့ အတွက် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့လမ်းစဉ် မပြီးဆုံးသေးဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခံယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့ မိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။
-
2015-07-19 -
-
-
Your browser doesn’t support HTML5 audio
အာဇာနည်ခေါင်းဆောင်ကြီးတွေဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံကို လွတ်လပ်တဲ့ ဒီမို ကရေစီ ပြည်ထောင်စုဖြစ်အောင် ကြိုးပမ်း ခဲ့တာဖြစ်တဲ့အတွက် ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့လမ်းစဉ် မပြီးဆုံးသေး ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကခံယူကြောင်း ဒေါ်အောင်ဆန်းစုကြည်က အာဇာနည်နေ့ မိန့်ခွန်းမှာ ပြောကြား လိုက်ပါတယ်။
ဒီနေ့ ရန်ကုန်မြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပတဲ့ ၆၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားမှာ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်တာ ဖြစ်ပါတယ်။
"လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အားလုံးဟာ နိုင်ငံရေးကို တစ်ပုံစံတည်း မဟုတ်ပေ မယ့်လည်း လွတ်လပ်ပြီးတော့ ဒီမိုကရေစီကျတဲ့ မြန်မာနိုင်ငံတော် ထူထောင် ဖို့လိုလားတဲ့နေရာမှာ အားလုံးဟာတစ်စိတ်တစ်ဝန်းတည်းဖြစ်ပါတယ်၊ ဒါကြောင့်မို့လိုလည်း စုပေါင်းပြီးတော့ လွတ်လပ်ရေးရရှိဖို့အတွက် ဆောင်ရွက်ခဲ့တာပါ၊ ဒီလွတ်လပ်ရေးရရှိဖို့အတွက် တာဝန်မပြီးဆုံးခင်ကာလမှာ ကျဆုံးသွားရလို့ ကျမတို့ကျန်တဲ့လူတွေမှာ တာဝန်ရှိတယ်လို့ ကျမတို့ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ကနေပြီးတော့ ခံယူပါတယ်"
အာဇာနည်စိတ်ဓါတ်ဆိုတာ စိတ်ဓါတ်နဲ့ အကျင့်သီလကို ပြောတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်တွေ အနေနဲ့လည်း အာဇာနည်စိတ်ဓါတ် အများအကျိုးအတွက် ကြိုးပမ်းမယ်ဆိုတဲ့ စိတ်ဓါတ်မွေးကြဖို့ကို ဒေါ်အောင်ဆန်း စုကြည်က တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ် လိုက်တာဟာ အာဇာနည်ခေါင်းဆောင် ကြီးတွေ ချမှတ်ခဲ့တဲ့လမ်းစဉ်ကို အကောင်အထည်ဖေါ်ဖို့အတွက် ဝင်မယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အာဇာနည်နေ့မိန့်ခွန်းက အချက်တွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်း က ကောက်နှုတ်တင်ပြထားပါတယ်။