ဒေါ်အောင်ဆန်းစုကြည် နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ နှုတ်ဆက်စကားပြော
မြန်မာနိုင်ငံသားတွေအနေနဲ့ အရည်အချင်း တိုးတက်လာဖို့က ဒီမိုကရေစီနိုင်ငံရဲ့နိုင်ငံသူ နိုင်ငံ သားတွေပီပီ လုပ်နိုင်ကိုင်နိုင် ပြောနိုင်ဆိုနိုင်ဖို့ဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည် က ၂ဝ၁၃ ခုနှစ် နှစ်သစ်ကူး ဆုတောင်း စကားအစီအစဉ်မှာ ပြောကြားလိုက်ပါတယ်။
-
2013-01-01 -
-
-
ဒီဇင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ပြည်သူ့ရင်ပြင်တွင် ကျင်းပသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေးရန်ပုံငွေ ဈေးရောင်းပွဲတော်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားစဉ်။
Photo:RFA/Kyaw Zawe Win
ဒီ နှစ်သစ်ကူးဆုတောင်း အစီအစဉ်ကို မြန်မာအစိုးရပိုင် ရုပ်မြင်သံကြား အစီအစဉ်ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့ညက ထုတ်လွှင့်ခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရပိုင် ရုပ်မြင်သံကြား အစီအစဉ်ကနေ ပြည်သူလူထုအတွက် တိုက်ရိုက်ဆုတောင်းခွင့်ရတာဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုတောင်းစကား အစီအစဉ်ကို ပြန်ကြာရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ဦးရဲထွဋ် ကိုယ်တိုင် သူရဲ့ FaceBook လူမှုရေးစာမျက်နှာကတဆင့် ဖြန့်ဝေပေးနေတာဟာလည်း ၂ဝ၁၃ ခုနှစ်အတွက် ထူးခြားမှုတစ်ရပ် ဖြစ်တယ်လို့ လူမှုရေးစာမျက်နှာ အသုံးပြုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။