စင်္ကာပူဆီက လေ့လာသင်ယူ ရမယ်လို့ ဒေါ်အောင်ဆန်း စုကြည်ပြော

မြန်မာနိုင်ငံအနေနဲ့ စင်္ကာပူဆီက လေ့လာသင်ယူရမှာဖြစ်ပေမဲ့၊ ပုံတူကူးချဖို့မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စင်္ကာပူခရီးစဉ် အဆုံးသတ်အနေနဲ့ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ စင်္ကာပူဆီက လေ့လာသင်ယူရမှာဖြစ်ပေမဲ့၊ ပုံတူကူးချဖို့မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စင်္ကာပူခရီးစဉ် အဆုံးသတ်အနေနဲ့ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံဟာ စင်္ကာပူရဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်အောင်မြင်မှုတွေလောက်ကိုသာ လေ့လာရမှာမဟုတ်ဘဲ၊ အဲဒီထက်ကျော်လွန်ပြီး ကြည့်မြင်ရမှာဖြစ်ပါတယ်၊ စင်္ကာပူသွားခဲ့တဲ့ ပုံစံအတိုင်း ပုံတူကူးးဖို့ မဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။ ဥပမာ စကာၤပူပညာရေးစနစ်ဟာ သက်မွေးဝမ်းကျောင်း အလုပ်အကိုင်ဘက်ကို စူးစိုက်လွန်းအားကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org