လူထုဆန္ဒသဘောထား ကောက်ခံ ပွဲ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ မဲပေးတဲ့အခါ လွတ်လပ်မှု ရှိနိုင်ပေမယ့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့က၂၀၀၈ ဖွဲ့စည်းပုံဥပဒေဆိုင်ရာ လူထုဆန္ဒကောက်ခံ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ် photo: RFA/ Kyaw Zaw Win

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဘူးဆိုရင် လာမယ့် ၂၀၁၅ ရွေးကောက်ပွဲဟာ မဲပေးတဲ့အခါ လွတ်လပ်မှု ရှိနိုင်ပေမယ့် တရားမျှတတဲ့ ရွေးကောက် ပွဲဖြစ်မှာ မဟုတ်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့မှာ ဒီနေ့ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်မလား အသစ်ပြန်လည် ရေး ဆွဲမလား လူထုဆန္ဒသဘောထား ကောက်ခံပွဲ မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောလိုက်တာပါ။

ဒါ့အပြင် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်နေပြီလို့ မပြောနိုင်သေးကြောင်း၊ လမ်းကြောင်းအစမှာ ပါရှိနေသေးကြောင်းလည်း ပြော ပါတယ်။ တိုင်းပြည် ဒီမိုကရေစီလမ်းပေါ်ရောက်အောင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ လိုအပ်တယ် ဆိုတာကို တပ်မတော်ကမြင်ဖို့ အရေးကြီးကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောခဲ့ ပါတယ်။

ဒီနေ့ လူထုဆန္ဒကောက်ခံပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နာယက ဦးတင်ဦး အမျိုးသားညီလာခံ စတင်ကျင်းပကတည်းက အခြေခံမူတွေချမှတ်တဲ့အခါမှာ တဖက်သတ်ချမှတ်ပြီး နောက်ဆုံး ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအဆင့်ထိ ရောက်လာတာကြောင့် သန္ဓေမမှန်ဘူးလို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် အန်အယ်လ်ဒီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ အန်အယ်လ်ဒီရဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မတီဝင် ဦးဌေးဦးတို့ကလည်း  ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ရှေ့နောက်မညီတဲ့ ပုဒ်မတွေ ပြင်ဆင်သင့်တဲ့ အချက်တွေကို တက်ရာလာသူတွေကို ရှင်းပြခဲ့ပါတယ်။

အဲဒီအထဲမှာ သမ္မတ အရည်အချင်းသတ်မှတ်ချက်ဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်အောင် တားမြစ်ထားသလိုဖြစ်နေတဲ့ ပုဒ်မတွေ၊ ပြည်နယ်တွေနဲ့ ဗဟိုအစိုးရအကြား အာဏာခွဲဝေမှုမှာ ပြည်နယ်တွေမှာ ဘာလုပ်ပိုင်ခွင့်မှ မရှိတာတွေ၊ လူတစ်ဦးချင်းစီရဲ့ ဘဝလုံခြုံမှုမရှိတာတွေအပြင် အရေးပေါ် အခြေအနေမှာ နိုင်ငံတော်အာဏာကို တပ်မတော်ထံ လွဲှပြောင်းပေးရမယ်ဆိုတဲ့စတဲ့ ပြဌာန်းချက်တွေဟာ ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေကြောင်းစသဖြင့် ဆွေးနွေးရှင်းပြခဲ့ပါတယ်။

ဒီဆန္ဒခံယူပွဲကို ပဲခူးတိုင်းဒေသကြီးအတွင်းက ပရိသတ် နှစ်သောင်းကျော် တက်ရောက်ခဲ့ပြီး ၉၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ထောက်ခံခဲ့ကြပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ဇောဝင်းရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org