ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးလှုပ်ရှား မှု ဒေါ်အောင်ဆန်းစုကြည် တက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တစ်နိုင်လုံးအတိုင်း အတာနဲ့ လူထုလက် မှတ်ရေးထိုးပွဲကို နေပြည်တော်က မြို့နယ် ၅ မြို့နယ်ကနေ စတင်မယ်လို့ သိရပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပွဲ တက်ရောက်လာသူများ ကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင် ဆင်ရေး တစ်နိုင်လုံးအတိုင်းအတာနဲ့   လူထု လက်မှတ်ရေးထိုးပွဲကို နေပြည်တော်က မြို့နယ် ၅ မြို့ နယ်ကနေ စတင်မယ်လို့  သိရပါတယ်။

မေလ ၂၇ ရက်နေ့ မြို့နယ် ၅ မြို့နယ်မှာ တစ်ပြိုင်နက် တည်းကောက်ခံမယ့် လက်မှတ်ရေးထိုးပွဲတွေ ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေး ထိုးမယ်လို့ ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက အခုလို ပြောပါတယ်။

"၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လူထုဆန္ဒလက်မှတ် ရယူကောက်ခံဖို့အတွက်ကို ၂၇ ရက်နေ့မှာ စတင် မှာဖြစ်တယ်၊ အဲဒီအတွက် ဥတ္တရသီရိမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ အဖွဲ့ချုပ်ဥက္ကဌ ကိုယ်တိုင် လက်မှတ်ရေးထိုးပြီးတော့မှ လူထုဆန္ဒလက်မှတ် ကောက်ခံပွဲ စတင်မှာဖြစ်ပါတယ်၊ ဒီဥတ္တရ သီရိ မြို့နယ်ရုံးမှာ ပြည်သူလူထုလက်မှတ် ရေးထိုးနိုင်ရန်အတွက်ကို ကြော်ငြာအသိပေးချက်တွေ လက်မှတ်ရေးထိုးဖို့ အတွက် ကူဖို့ပြင်ဆင်ထားပုံတွေ၊ နောက်ဆောင်ရွက်ထားပုံတွေကို ကျနော် တို့ခေါင်းဆောင်ကိုယ်တိုင်စစ်ဆေး မှာ၊ နောက်လက်မှတ်ရေးတဲ့ ပြည်သူတွေနဲ့ ထိတွေ့စကားပြော တာတွေ အဲဒါတွေလုပ်မှာပါ"

နေပြည်တော်တိုင်းဒေသကြီး ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ဇေယျာသီရိ၊ ဒက္ခိဏသီရိနဲ့ ဇမ္ဗူသီရိမြို့နယ်တွေမှာ တစ်ပြိုင်နက် တည်း လက်မှတ်တွေ ကောက်ခံသွားမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပြီးခဲ့တဲ့ မေလ ၁၇ရက်နဲ့ ၁၈ ရက်နေ့မှာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ လူထုဟောပြောပွဲတွေ ကျင်းပခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org