ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်း ရွေးကောက်ပွဲအပြီး ၅ ကြိမ်မြောက် သီးသန့်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီ ပါတီကို ကြိုဆိုဂုဏ်ပြုရမယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘွတ် မှာ ရေးသားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ နိုဝင်ဘာလ ၁၉ ရက်နေ့က ပြည်သူ့လွှတ်တော် ဥက္ကဌ ရုံးရှေ့မှာ တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီကို ကြိုဆိုဂုဏ်ပြုရမယ်လို့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက သူ့ရဲ့ဖေ့စ်ဘွတ်မှာ ရေးသားလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌရုံးခန်းမှာ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ သီးသန့်တွေ့ ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံအပြီးမှာ သူရဦးရွှေမန်းက"သူနှင့်သူ့ပါတီဟာ အောင်နိုင်ထားပြီးဖြစ်သော်လည်း မာန်မာန မရှိဘဲ အပြုသဘောဆောင်ပြီး နှိမ့်ချဆောင်ရွက်မှုတွေ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်နေတာတွေကို ကြိုဆိုရမယ်၊ ဂုဏ်ပြုရမယ်။" လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရသစ်ဖွဲ့ရာမှာ တိုင်းရင်းသားအစုအဖွဲ့တွေပါဝင်ရေး ကို မျှော်မှန်းထားတာဟာ မင်္ဂလာသတင်းဖြစ်ပြီး အဲဒီအခွင့်ကောင်းကိုယူပြီး နိုင်ငံတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြဖို့ လိုအပ်ကြောင်းလည်း ရေးသားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းဟာ ဒီကနေ့ တစ်နာရီခွဲကြာ တွေ့ဆုံခဲ့တာဖြစ်ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးကို လွှတ်တော် ဒုတိယဥက္ကဌ ဦးနန္ဒကျော်စွာကသာ ဦးဆောင်ကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီနေ့ တွေ့ဆုံမှုဟာ ၅ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org