လေးပွင့်ဆိုင်ဆွေးနွေးပွဲ ဒေါက်တာ သိန်းလွင် ပါဝင်မှု ဒေါ်အောင်ဆန်း စုကြည် တုန့်ပြန်

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အတွက် လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးနေတဲ့ ဒေါက်တာသိန်းလွင်အနေနဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER မှာ ဦးဆောင်သူအဖြစ် တာဝန်ထမ်းဆောင်မယ် ဆိုရင် အန်အယ်လ်ဒီမှာ ဗဟိုကော်မတီဝင်အဖြစ် တာဝန် ထမ်းဆောင်ခွင့်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ ပြောပါတယ်။

NNER ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ကို တွေ့ရစဉ် Photo: NNER Facebook

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် လေးပွင့် ဆိုင်ဆွေးနွေးပွဲမှာ တက်ရောက်ဆွေးနွေးနေ တဲ့ ဒေါက်တာသိန်းလွင်အနေနဲ့ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER မှာ ဦးဆောင်သူအဖြစ် တာဝန်ထမ်းဆောင် မယ်ဆိုရင် အန်အယ်လ်ဒီမှာ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခွင့်မရှိကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောပါတယ်။

ဒီလ ၁ ရက်နေ့က လေးပွင့်ဆိုင်ဆွေးနွေးပွဲမှာ NNER ကိုယ်စားလှယ်အဖြစ် ဒေါက်တာသိန်းလွင် တက်ရောက်ခဲ့တာဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတက်ရောက်တာမဟုတ်ကြောင်း အန်အယ်လ်ဒီက ကြေညာချက်ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး သတင်းသမားတွေက မေးမြန်းရာ မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင်တွေအနေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပေးအပ်တဲ့တာဝန်အရသာ ဆောင်ရွက်ခွင့်ရှိတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီရဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း လည်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org