ဒေါ်အောင်ဆန်းစုကြည်က သမ္မတ တာဝန် ထမ်းဆောင်လိုကြောင်းပြော

ပြည်သူလူထု ကောင်းစားရေးအတွက် လုပ်ပေးချင်တဲ့ဆန္ဒရှိတာကြောင့် မိမိအနေနဲ့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲပြီးရင် သမ္မတဖြစ်ချင်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ တနသာၤရီတိုင်းခရီးစဉ် အတွင်းက နောက်ဆုံး မြို့ဖြစ်တဲ့ ကျွန်းစုမြို့ အမှတ် ၄ ရပ်ကွက် မြို့သစ်အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ဒီကနေ့ လူထုတွေ့ဆုံပွဲ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်း ကျွန်းစုမြို့တွင် ဒေသခံပြည်သူများအား မိန့်ခွန်းပြောကြားနေစဉ် Photo : RFA/ Myo Zaw Ko

အဲဒီ ဟောပြောပွဲမှာ ပညာရေး ကျန်းမာရေးကဏ္ဍတွေမှာ တိုးတက်လာဖို့ ကြိုးပမ်းရမယ်လို့ ပြောခဲ့သလို တစ်ချိန်တည်းမှာ မြန်မာနိုင်ငံဟာ သယံဇာတတွေ ပေါကြွယ်ဝနေပေမယ့်  ပြည်သူတွေ အကျိုးရလဒ် မခံစားရတာဟာ မှားယွင်းနေတဲ့ စနစ်ကြောင့်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် တနင်္သာရီတိုင်းကို ၂ ရက်ကြာရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က ကော့သောင်း နဲ့ မြိတ်မြို့တွေမှာ ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောခဲ့ပြီး၊မနက်ဖြန်မှာ မြိတ်မြို့ကနေ ရန်ကုန်ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့ မြိတ်မြို့မှာ ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်ကို ဒေါ်ခင်ခင်အိက တင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org