ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယူးကာဆယ် လွတ်မြောက်ရေးဆု ရုပ်သိမ်းဖွယ်ရှိ

ဗြိတိန်နိုင်ငံ Newcastle မြို့တော် ကောင်စီက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ နယူးကာဆယ် လွတ်မြောက်ရေးဆုကို ပြန်လည် ရုပ်သိမ်းဖွယ် ရှိနေပါတယ်။ အဲဒီဆုကို ၂၀၁၁ ခုနှစ်က ချီးမြှင့်ခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် Photo: Kyaw Zawe Win/ RFA

ဗြိတိန်နိုင်ငံ Newcastle မြို့တော် ကောင်စီက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ နယူးကာဆယ် လွတ်မြောက်ရေးဆုကို ပြန်လည် ရုပ်သိမ်းဖွယ် ရှိနေပါတယ်။ အဲဒီဆုကို ၂၀၁၁ ခုနှစ်က ချီးမြှင့်ခဲ့တာပါ။

အခုအခါ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင် ဒုက္ခသည်ဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး အနည်းဆုံး နှုတ်အားဖြင့် ဖေးမဖေါ်တောင် မရခဲ့တဲ့အတွက် နိုင်ငံတကာက ဝိုင်းဝန်း ဝေဖန်ရှုတ်ချနေချိန်မှာ Newcastle မြို့တော်ကောင်စီ ခေါင်းဆောင် Nick Forbes က မြို့အနေနဲ့ ချီးမြှင့်ခဲ့တဲ့ဆုကို ပြန်လည်ရုပ်သိမ်းဖို့ အဆိုပြုထားပါတယ်။ ဒီဆုကို ပြန်ရုပ်သိမ်းမလားဆိုတာ လာမယ့် သီတင်းပတ် စည်းဝေးပွဲမှာ ဆုံးဖြတ်မယ်လို့ သိရပါတယ်။

Newcastle မြို့တော်ကောင်စီအနေနဲ့ အခုလို အခြေအနေမျိုးနဲ့ ကြုံကြိုက်ရတာ ဒါ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သတင်းမှာ ဖေါ်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org