မြန်မာနဲ့ စီးပွားရေးစြင်္ကန်လမ်း တည်ဆောက်ဖို့ တရုတ် မျှော်လင့်

တရုတ်ပြည်အနေနဲ့ စြင်္ကန်နဲ့ ပတ်လမ်းအစီအစဉ်အရ မြန်မာနိုင်ငံနဲ့ စီးပွားရေးစြင်္ကန်လမ်း တည်ဆောက်ဖို့ မျှော်လင့်နေကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာ ဌာနအကြီးအကဲ ဆွန်းတာအို က ပြောပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး H.E.Mr. Song Tao နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က နေပြည်တော်မှာ တွေ့ရစဉ် Photo: Myanmar State Counsellor Office

တရုတ်ပြည်အနေနဲ့ စြင်္ကန်နဲ့ ပတ်လမ်းအစီအစဉ်အရ  မြန်မာနိုင်ငံနဲ့ စီးပွားရေးစြင်္ကန်လမ်း တည်ဆောက်ဖို့ မျှော်လင့်နေကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာနအကြီးအကဲ ဆွန်းတာအို က ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံစဉ်အတွင်း ပြောဆိုခဲ့တာပါ။

တရုတ် မြန်မာ ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာဖို့ အရေးကြီးတယ်ဆိုတာ တရုတ်ပြည်က အလေးထားလျက်ရှိပြီး၊ NLD ပါတီနဲ့အတူ နှစ်နိုင်ငံ ပြည်သူတွေအတွက် ကဏ္ဍစုံမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်ကြဖို့ အလေးအနက် ရှိကြောင်းလည်း ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာအနေနဲ့ တရုတ်ပြည်နဲ့အတူ နှစ်နိုင်ငံ ပူးတွဲဆောင်ရွက်နေတဲ့ စီမံကိန်း ကြီးတွေ မြန်မြန်ဆန်ဆန် ခရီးရောက်လိုပြီး၊ အစိုးရချင်းဆက်ဆံရေးလည်း ပိုမိုတိုးတက်ခိုင်မာလိုကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံတကာရေးရာဌာနအကြီးအကဲဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ မြန်မာတပ်မတော် ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org