ဒေါ်အောင်ဆန်းစုကြည် စာပေလောကသားတွေ နဲ့ တွေ့ဆုံမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စာပေ၊ ပန်းချီ၊ ကာတွန်းဆရာတွေနဲ့ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေဂုံတိုင်က တော်ဝင်နှင်းဆီခန်းမ မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ တရားဥပဒေစိုးမိုးရေး နဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီရေးရာ အဆောက်အဦးမှာ ဇူလိုင်လ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် မီဒီယာတွေ နဲ့ တွေ့ဆုံစဉ် photo: Myo Thant Khaing

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ စာပေ၊ ပန်းချီ၊ ကာတွန်းဆရာတွေနဲ့ လာမယ့် သြဂုတ်လ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ ရွှေ ဂုံတိုင်က တော်ဝင်နှင်းဆီခန်းမမှာ တွေ့ဆုံမှာဖြစ် ပါတယ်။

အဲ့ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင် က အခုလိုပြောပါတယ်။

"အထက်ဗမာပြည်က စာရေးဆရာတွေနဲ့ ပြီးတော့ အောက်ဗမာပြည်က စာရေးဆရာတွေနဲ့ လည်း သူ တွေ့ချင်တယ်ဆိုလို့ ဆန္ဒရှိလို့ တွေ့ကြ မှာပါခင်ဗျ၊ စာပေပညာရှင်တွေနဲ့၊ သဘင်ပညာ ၊ နောက် ကာတွန်းဆရာတွေနဲ့ တွေ့ပါလိမ့် မယ်ခင်ဗျ၊ သူကိုယ်တိုင်က စာပေအနုပညာရှင် ဝါသနာပါတယ်လေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ သူက ကာတွန်းဆရာတွေပါ အမျိုးမျိုးအစားစားရှိတယ်၊ အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ မကြာခဏတွေ့နေမယ်ဗျ၊ ဒါပေမဲ့ အလုပ်ကမအားလို့ မတွေ့ရတာပါ၊ အထူးသဖြင့် နိုင်ငံရေး အကျပ်အတည်းတွေ၊ နိုင်ငံရေး စိန်ခေါ်မှှုတွေမှာ စာပေပညာ ရှင်တွေအနေနဲ့ ဒီမိုကရေစီဘက်က၊ NLD ဘက်ကပေါ့၊ ဝိုင်းဝန်းကူညီကြဖို့၊ ပံ့ပိုးကြဖို့ အဲ့ဒီရည်ရွယ်ချက် လည်း ပါပုံရပါတယ်"

အဲ့ဒီတွေ့ဆုံပွဲကို တက်ရောက်ဖို့ စာပေအနုပညာရှင် ၁၀၀ ကျော်ကို ဖိတ်ကြားမှာဖြစ်တယ်လို့ သိရပါတယ် ။ ဒေါ်အောင်ဆန်းစုကြည်ဟာ အထက်မြန်မာပြည်က စာပေအနုပညာရှင်တွေနဲ့ ပြီးခဲ့တဲ့ မတ်လက တွေ့ဆုံ ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org