ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ၅ဝ စာရင်းမှာ ၆ ဦးမြောက်အဖြစ် Fortune မဂ္ဂဇင်းက ဖော်ပြ
အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေတဲ့ Fortune စီးပွားရေး မဂ္ဂဇင်းကြီးရဲ့ ၂ဝ၁၄ ခုနှစ် အတွက် ရွေးချယ်ထုတ်ပြန်တဲ့ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင် ၅ဝ စာရင်းမှာ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ၆ ဦးမြောက်ပုဂ္ဂိုလ် အဖြစ် ဖော်ပြလိုက်ပါတယ်။
-
2014-03-21 -
-
-
အမေရိကန်ပြည်ထောင်စုမှာ ထုတ်ဝေတဲ့ Fortune စီးပွားရေးမဂ္ဂဇင်းကြီးရဲ့ ၂ဝ၁၄ ခုနှစ်အတွက် ရွေးချယ် ထုတ်ပြန်တဲ့ ကမ္ဘာ့ ထိပ်တန်းခေါင်းဆောင် ၅ဝ စာရင်း မှာ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ကို ၆ ဦးမြောက် ပုဂ္ဂိုလ်အဖြစ် ဖော်ပြလိုက်ပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Pope Francis) က ပထမနေရာမှာဖေါ်ပြခံရပြီး၊ ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Angela Merkel က ဒုတိယ၊ Ford မော်တော်ကား ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Alan Mulally ကတတိယ၊ သူဌေးကြီး Warren Buffect က စတုတ္ထနဲ့ သမ္မတဟောင်း ဘီလ်ကလင်တန် က ပဉ္စမနေရာ မှာဖေါ်ပြခံရတာဖြစ်ပါတယ်။
ဒီကမ္ဘာကျော်ပုဂ္ဂိုလ် အယောက် ၅ဝ ထဲမှာ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေတဲ့ကာလမှာ Walk On အမည်ရှိတဲ့သီချင်း ရေးသားသီဆိုခဲ့တဲ့ နာမည်ကြီးအဆိုတော် ဘိုနို၊ တိဘက်ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ ပါကစ္စတန်မှာ မိန်းကလေးတွေ ပညာသင်ခွင့်ကြိုးပမ်းသူ မာလာလာလဲပါဝင်ပါတယ်။
ဒီပုဂ္ဂိုလ်တွေဟာ ကမ္ဘာကြီးကို ပိုမိုကောင်းမွန်အောင် ကြိုးစားဆောင်ရွက်နေသူဖြစ်သလို၊ သူတို့အပေါ် ယုံကြည်ထောက်ခံသူတွေကို ခွန်အားပေးနေသူတွေဖြစ်တယ်လို့ Fortune မဂ္ဂဇင်းကဆိုပါတယ်။ အခုလိုဖေါ်ပြခံရသူတွေဟာ ကမ္ဘာတဝှမ်း နိုင်ငံရေး၊ ဘာသာရေး၊ စီးပွါးရေး၊ လူမှုရေးနယ်ပယ် အသီးသီးမှာ ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်။