နိုင်ငံတကာ ဝီလီဘရန့် ဆု ဒေါ်အောင်ဆန်းစုကြည် လက်ခံမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့်သီတင်းပတ် ဂျာမနီနိုင်ငံ ခရီးစဉ်အတွင်း ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ( Joachim Gauck ) နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ဝီလီဘရန့် ဆု ကို လက်ခံမှာဖြစ်ကြောင်း ဂျာမနီ သမ္မတရုံးက မနေ့က ပြောပါတယ်။

တိုကျိုတက္ကသိုလ်မှာ ဧပြီလ ၁၇ ရက်နေ့က မိန့်ခွန်းပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ် photo capture: FNN

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ငြိမ်းချမ်းရေးနိုဘဲဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ လာမယ့်သီတင်းပတ် ဂျာမဏီနိုင်ငံ ခရီးစဉ် အတွင်း ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ( Joachim Gauck ) နဲ့ တွေ့ဆုံပြီး၊ နိုင်ငံတကာ ဝီလီဘရန့် ဆု ကို လက်ခံမှာဖြစ်ကြောင်း ဂျာမနီ သမ္မတရုံးက မနေ့က ပြောပါတယ်။

ဂျာမနီ သမ္မတ ဂျော်ခင်ဂေါက် ဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလက ရန်ကုန်မြို့မှာ တွေ့ဆုံ ခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျာမနီ ခရီးစဉ်အသေးစိတ်ကို မသိရသေးပါဘူး။

နိုင်ငံတကာ ဝီလီဘရန့် ဆု ကို ကွယ်လွန်သူ ဂျာမနီ အဓိပတိဟောင်း မစ္စတာ ဝီလီဘရန့် ကို ဂူဏ်ပြုတဲ့ အနေနဲ့ ၂ဝ၁၁ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပါတယ်။ အနုပညာ၊ ယဉ်ကျေးမှု၊ ဘာသာရေး ဆိုင်ရာနယ်ပယ်တွေနဲ့ ပတ်သက်ပြီး၊  နိုင်ငံတကာ ပြည်သူတွေကြား နားလည်မှုတွေ တိုးပွားလာအောင်ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိူလ်တွေ နဲ့အဖွဲ့အစည်းတွေကို ချီးြှမှင့်တဲ့ဆုဖြစ်ပါတယ်။ ဒီဆု ကို ပထမဆုံးချီးမြှင့်ခံရသူတွေကတော့ ဂျာမနီ နိုင်ငံ ဘာလင်အခြေစိုက် တေးဂီတဆရာ Daniel Barenboim နဲ့ အီဂျစ် စာရေးဆရာမ Lailia Soliman တို့ ဖြစ်ကြ ပါတယ်

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org