ပဋိပက္ခဖြေရှင်းနိုင်အောင် ဥပဒေပြဌာန်းရတာ လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ဥပဒေပြဌာန်းတယ်ဆိုတာ လူတွေ အချင်းချင်းကြားထဲ ပဋိပက္ခတွေ နည်းနိုင် သမျှနည်းအောင်နဲ့ ရှိတဲ့ပဋိပက္ခတွေကိုလည်း အေးအေး ချမ်းချမ်းနဲ့ ဖြေရှင်းနိုင်အောင် ပြဌာန်းတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ဥပဒေ ကျောင်းသူကျောင်းသားတွေ နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က လာရောက်လေ့လာတဲ့ ဒဂုန်တက္ကသိုလ် ဥပဒေဌာနက ဆရာ ဆရာမတွေနဲ့ ကျောင်းသားကျာင်းသူတွေကို ဒေါ်အောင်ဆန်း စုကြည်နဲ့ အတူ တွေ့ရစဉ် photo: NLD Facebook

ဥပဒေပြဌာန်းတယ်ဆိုတာ လူတွေအချင်းချင်းကြားထဲ ပဋိပက္ခတွေ နည်းနိုင်သမျှနည်းအောင်နဲ့ ရှိတဲ့ပဋိပက္ခတွေကိုလည်း အေးအေးချမ်းချမ်း နဲ့ ဖြေရှင်းနိုင်အောင် ပြဌာန်းတာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ဥပဒေ ကျောင်းသူကျောင်းသားတွေ နဲ့ တွေ့ဆုံစဉ်မှာ ပြောခဲ့ပါတယ်။

ဒီနေ့ ပြည်ထောင်စု လွှတ်တော်ကို လေ့လာခဲ့ကြတဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုန်တက္ကသိုလ် ဥပဒေဌာနက ဆရာ ဆရာမတွေ၊ ကျောင်းသူ ကျောင်းသားတွေ နဲ့တွေ့ဆုံစဉ်မှာ  ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

"ဥပဒေဆိုတာ ဘာဖြစ်လို့ ပြဌာန်းရသလဲဆိုရင် အချင်းချင်းကြားမှာ ပဋိပက္ခနည်းနိုင်သလောက် နည်းအောင် ရှိတဲ့ပဋိပက္ခကို အေးအေး ချမ်းချမ်း ဖြေရှင်းနိုင်ဖို့ ခြုံငုံပြောရမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းတစ်ခုကို အေးချမ်း သာယာအောင် ထိန်းသိမ်းတာ"

ဒါ့အပြင် ဥပဒေတွေဆိုတာ အစိုးရအတွက်ပဲဆိုပြီး မြန်မာနိုင်ငံမှာ အရိုးစွဲသလို လက်ခံထားကြကြောင်းနဲ့ တကယ်တော့ ဥပဒေဟာ လူမှုအသိုင်းအဝိုင်းတစ်ခုလုံးနဲ့ သက်ဆိုင်တာဖြစ်ကြောင်းအပြင် ဥပဒေဆိုတာ အပြစ်ပေးဖို့မဟုတ်ဘဲ ပညာပေးဖို့အတွက်သာ ဖြစ်ကြောင်းလည်း ဥပဒေ ကျောင်းသူ ကျောင်းသားတွေ ကို ပြောခဲ့ပါတယ်။

ဒဂုံတက္ကသိုလ် ဥပဒေပညာဌာနက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ စုစုပေါင်း ၁၅၀ လောက် ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို လာရောက်လေ့လာစဉ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org