ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ချက် အောင်မြင်ဖို့ အခွင့်အလမ်းများ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ချက်ဟာ အောင်မြင်ဖို့ အခွင့်အလမ်းများလာနေတာ တွေ့ရတယ်လို့ Asian Correspondent သတင်းက ဖော်ပြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ASEAN SUMMIT 2018 တက်ရောက်စဉ် Photo: Myanmar State Counsellor Office

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ချက်ဟာ အောင်မြင်ဖို့ အခွင့်အလမ်းများလာနေတာ တွေ့ရတယ်လို့ Asian Correspondent သတင်းက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ လတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှေ့တောင်အာရှ ခရီးစဉ်တွေအပြီး ဒေသတွင်းရဲ့ နောက်ဆုံး စီးပွားရေးနယ်ပယ်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသူတွေ များလာနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံရဲ့ လာရောက်ရင်းနှီးမြှုပ်နှံမှုဥပဒေ ရှင်းလင်းပြတ်သားမှု မရှိသေးတာ၊ ငွေကြေး မတည်ငြိမ်သေးတာ၊ စစ်ပွဲပဋိပက္ခတွေရှိနေတာ၊ အကျင့်ပျက်ခြစားမှု ထူပြောတာတွေရှိနေပေမယ့် ၂ဝ၁၉ ခုနှစ်မှာ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းဟာ ၇ ရာခိုင်နှုန်းအထိ မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဟောင်ကောင် ကုမ္ပဏီအတော်များများက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ အခွင့်အလမ်းတွေ ရှာဖွေခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာရဲ့ လျှပ်စစ်၊ လမ်း၊ တံတား၊ လေဆိပ်၊ ဆိပ်ခံနဲ့ အင်တာနက် ဆက်သွယ်ရေးတွေမှာ ရှာဖွေခဲ့ကြတာလို့ သိရပါတယ်။

မြန်မာနိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ တရုတ်၊ စင်္ကာပူနဲ့ ထိုင်းနိုင်ငံတွေပြီးရင် ဟောင်ကောင်က စတုတ္တအကြီးဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org