နိုဝင်ဘာ ၂၆ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျသွားမည်

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇ ရက်ကြာ သြစတြေးလျနိုင်ငံခရီးစဉ်ကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ဆန္ဒ သဘောထားရယူရေး လူထုဟောပြောပွဲအခမ်းအနား ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် လက်ပံခါးလှကျေးရွာ မှာ နိုဝင်ဘာလ ၁၈ ရက်နေ့ကကျင်းပခဲ့ရာ ဒေါ်အောင်ဆန်း စုကြည် မိန့်ခွန်းပြောကြားနေစဉ် photo: RFA/ Myo Thant Khaing

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇ ရက်ကြာ သြစတြေးလျနိုင်ငံခရီးစဉ်ကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စတင်မှာဖြစ်တယ်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း သြစတြေးလျရောက် မြန်မာမိသားစုတွေနဲ့ ဆစ်ဒနီမြို့မှာ တွေ့ဆုံမှာဖြစ်သလို Sydney Opera House မှာ တက္ကသိုလ်သုံးခုက ပူးပေါင်းကျင်းပတဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ပွဲအခမ်းအနားမှာ အမှာစကားပြောကြားမယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ  သြစတြေးလျဝန်ကြီးချုပ် Tony Abbott၊ နိုင်ငံခြားရေးဝန်ကြီး Mrs. Julie Bishop တို့နဲ့လည်း တွေ့ဆုံဆွေးနွေးမှာဖြစ်သလို သြစတြေးလျပါလီမန်ကို သွားရောက်လေ့လာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သြစတြေးလျ အမျိုးသားတက္ကသိုလ် (Australian National University)နဲ့  မိုနက်ရှ်တက္ကသိုလ် (Monash University) တို့မှာ ပညာရေးဆိုင်ရာတွေကို ဆွေးနွေးမှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org