အန်အယ်လ်ဒီ ရုံးချုပ်သစ်စီမံကိန်း ပန္နက်တင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးသစ် အဆောက်အဦး ဆောက်လုပ်ဖို့အတွက် ပန္နက်တင် အခမ်းအနားမှာ ဒေါ်အောင် ဆန်းစုကြည်က ဖွင့်လှစ်ပေးခဲ့ပါတယ်။

NLD ရုံးသစ် ဆောက်လုပ်ဖို့အတွက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ပန္နက်ရိုက်ပေးနေစဉ် Photo: Aung Ko Ko/RFA

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရုံးသစ်အဆောက် အဦး ဆောက်လုပ်ဖို့အတွက် ပန္နက်တင် အခမ်း အနားမှာ ဒေါ်အောင်ဆန်းစုကြည်က ဖွင့်လှစ်ပေး ခဲ့ပါတယ်။

ရုံးသစ်ကို ဒီနှစ် ၂ဝ၁၅ မှာအပြီး ဆောက်လုပ်သွား မှာဖြစ်တယ်လို့ ရုံးသစ်ဆောက်လုပ်ရာမှာ ပါဝင် ကူညီတဲ့ Myanmar Power Spectrum ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးဇေယျာကျော်က ပြောပါတယ်။

"အထပ်ရေက ၆ ပေါ့၊ ၆ ထပ်ဆိုပေမယ့် သူကနည်းနည်းလေး အခက်အခဲ ကတော့ နေရာလေးကတော့ကျဉ်းတာပေါ့၊ ကျနော်တို့ရတဲ့နေရာလေးက ကျဉ်းပြီးတော့ ရုံးချုပ်တစ်ခုအနေနဲ့ဆိုရင်တော့ ဒါကျဉ်းတာပေါ့၊ ဒါပေမယ့် ကျဉ်းတဲ့အထဲကနေ ကျနော်တို့ ရရှိတဲ့ အနေအထားနဲ့ပဲ ၆ ထပ်၊ စည်ပင်ကခွင့်ပြုထား တာ ၆၂ ပေထက် မမြင့်ရဘူးဆိုတော့ အဲ့ဒီမှာ ကျနော်တို့က အနေအထားလေးတွေ သူ့ထရန်စဖော်မာထားရမှာတွေ၊ မီးစက်ထားရမှာတွေ ၂ဝ၁၅ နှစ်ကုန်လောက်ကို အပြီးမှန်းထားပါတယ်"

လွန်ခဲ့တဲ့ ၁၉၈၈ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးစိုက်ခဲ့တဲ့ ရန်ကုန်မြို့ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်းကနေရာမှာ ၆ ထပ်ရုံး တည်ဆောက်မှာဖြစ်ပါတယ်။ မြေနေရာကို ပိုင်ရှင်ဖြစ်သူ ဦးထွန်းကြိုင် မကွယ်လွန်ခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီရုံးချုပ်သစ်ဆောက်လုပ်ရာမှာ ကုန်ကျစရိတ်ကို ပြည်သူလူထုက လှုဒါန်းတဲ့ ငွေတွေနဲ့ တည်ဆောက် သွားမှာဖြစ်ပြီး Earth Force Dragon ကုမ္ပဏီက တာဝန်ယူဆောက်လုပ်မှာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org