နိုင်ငံရေးလမ်းမမှားဖို့ ဒေါ်အောင် ဆန်းစုကြည် သတိပေး
နိုင်ငံရေးမှာ လမ်းကြောင်းမှန်ကန်ဖို့ အရေးကြီးပြီး၊ နိုင်ငံရေးပြေလည်မှုရှိ မှ ပြည်သူတွေရဲ့ စားဝတ်နေရေးပြေ လည်နိုင်မယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြား လိုက်ပါတယ်။
-
2015-01-31 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံရေးမှာ လမ်းကြောင်းမှန်ကန်ဖို့ အရေးကြီးပြီး၊ နိုင်ငံရေးပြေလည်မှုရှိမှ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြေလည်နိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
မန္တလေးတိုင်းဒေသကြီး ပျော်ဘွယ်မြို့နယ် ရွှေပြည်သာဘုရားဝင်းမှာ ဒီနေ့ကျင်းပတဲ့ ဗိုလ်ချုပ် နှစ်တစ်ရာပြည့်အကြို လူထုဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။
"ကျမတို့နိုင်ငံဟာ ကျမတို့ရဲ့ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနိုင်ငံဖြစ်တယ်၊ အားလုံးကလည်း တစ်ချိန်တစ်ခါမှာ ကမ္ဘာ့အလယ်မှာ လျှမ်းလျှမ်းတောက်ဖြစ်လာမယ့်နိုင်ငံလို့ တွက်ဆထားတာ ဒါပေမဲ့ဒီလို မဖြစ်ခဲ့ဘူး၊ ဘာဖြစ်လို့ ဒီလိုမဖြစ်ခဲ့သလဲဆိုတော့ တကယ်တော့ နိုင်ငံရေးအကြောင်းတွေကြောင့် မဖြစ်ခဲ့တာပဲ၊ ကျမတို့နိုင်ငံဟာ နိုင်ငံရေးလမ်းမှားသွားတာနဲ့ စီးပွားရေးရော၊ လူမှုရေးရော အားလုံးခြွတ်ခြုံချတယ်၊ ဒါကြောင့် မို့လို့ နိုင်ငံရေးဟာ အရေးမကြီးဘူး၊ စားဝတ်နေရေးဟာ အရေးကြီးတယ်လို့ ပြောတဲ့ပုဂ္ဂိုလ်တွေရဲ့ စကားကို လုံးဝနားမယောင်ပါနဲ့လို့"
ဒေါ်အောင်ဆန်းစုကြည်က လူတိုင်းနိုင်ငံရေးကို နားလည်ဖို့ နိုင်ငံအကျိုးကို တတ်နိုင်သမျှ သယ်ပိုးဖို့နဲ့ ဗိုလ်ချုပ်ကို ကျေးဇူးတင်တယ်ဆိုရင် သူချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကိုလိုက်နာပြီး ကျေးဇူးဆပ်ဖို့ ဒီကနေ့ ဟောပြောပွဲမိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့ပါတယ်။
ဒီနေ့ လူထုဟောပြောပွဲကို ပျော်ဘွယ်မြို့က ဒေသခံလူဦးရေ ရှစ်ထောင်နီးပါးလောက် တက်ရောက်ခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မဝေယံမိုးမြင့် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။