ဟိုတယ်ဝန်ဆောင်မှု သင်တန်းကျောင်း ဒေါ်အောင်ဆန်း စုကြည် ဖွင့်လှစ်ပေး

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ဟိုတယ် ဝန်ဆောင်မှုဆိုင်ရာ သင်တန်းကျောင်း (Hospitality and Catering Training Academy - HCTA) ကို ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာမှာ ဒီကနေ့ ဖွင့်လှစ် ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို အလေးအနက် ထား သင်ကြားဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ Hospitality and Catering Training Academy သင်တန်းကျောင်းကို ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာမှာ အောက်တိုဘာလ ၂၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်စဉ် Photo: Kyaw Zaw Win, Kyaw Lwin Oo/RFA

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ ဟိုတယ်ဝန်ဆောင်မှု ဆိုင်ရာ သင်တန်းကျောင်း (Hospitality and Catering Training Academy - HCTA) ကို ကော့မှူးမြို့နယ် မကျီးကန်ကျေးရွာမှာ ဒီကနေ့ ဖွင့်လှစ်ခဲ့ရာ မှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး အသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို အလေး အနက်ထား သင်ကြားဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

"ကျမတို့နိုင်ငံအတွက် အလိုအပ်ဆုံးကိစ္စက ဘာလဲဆိုရင် အလုပ်အကိုင် ဖန်တီးရေးပဲ၊ ဒါကြောင့် ကျမတို့ အလုပ်အကိုင်ဖန်တီးရေးကို ဦးတည်ပြီးတော့ အသက်မွေးဝမ်းကျောင်းပညာကို အားပေးတာဖြစ် ပါတယ်၊ ကျမဟာ ပညာသက်သက်ကြီးကို အထင် မကြီးလို့ မဟုတ်ပါဘူး၊ ကျမအင်မတန်မှ ပညာ ကိုလေးစားပါတယ်၊ အထင်ကြီးပါတယ်၊ တန်ဖိုးထား ပါတယ်၊ ဒါပေမဲ့ အသက်မွေးဝမ်းကျောင်းပညာ ဆိုတာလည်း ပညာပဲဆိုတာ ကျမတို့ပြည်သူ လူထုတွေရော၊ နိုင်ငံတကာကရော အသိအမှတ်ပြု ဖို့လိုပါတယ်၊ ဘွဲ့ဆိုတာဟာ တက္ကသိုလ်ဘွဲ့မှသာ ဘွဲ့တစ်ခုမဟုတ်ပါဘူး၊ အသက်မွေးဝမ်းကျောင်းပညာ နဲ့ ဘွဲ့ရထားတာလည်း ဘွဲ့ပဲ၊ ဘွဲ့တင်မဟုတ်ဘူး ကိုယ့်ကိုကိုယ် တာဝန်ယူနိုင်တဲ့ အရည်အချင်းတွေ ရထားခြင်းဖြစ်ပါတယ်၊ အဲဒီ့ဟာက ဘယ်ဘွဲ့နဲ့မှ နှိုင်းယှဉ်လို့မရပါဘူး"

ဒီကျောင်းကို တက္ကသိုလ်ဝင်တန်းအောင်ပြီးသား လူငယ်တွေ ဝင်ရောက်လျှောက်ထားနိုင်ပြီး ဟိုတယ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို အခမဲ့သင်ကြားပေးမှာဖြစ်ပါတယ်။ ကျောင်းသူကျောင်းသား ၅၀ ရာခိုင်နှုန်းကို ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ တွံတေးမြို့နယ်အတွင်း နေထိုင်သူတွေထဲက ဦးစားပေးရွေးချယ်ခဲ့ကြောင်းနဲ့ လက်ရှိမှာ ကျောင်းသားတစ်ရာနီးပါး တက်ရောက်သင်ကြားနေကြောင်းလည်း သိရပါတယ်။

အခုလို အသက်မွေးဝမ်းကြောင်းပညာရပ်တွေ သင်ကြားပေးမယ့်ကျောင်းတွေကို နိုင်ငံအနှံ့အပြားမှာ တိုးချဲ့ဖွင့်လှစ်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားသွားခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org