ဒဂုံစီးတီးစီမံကိန်း ရပ်ဆိုင်းပေ မယ့် ကြေညာချက် မထုတ်နိုင်ကြောင်း သမ္မတရုံးပြော

ရွှေတိဂုံစေတီတော်အနီး တည်ဆောက် မယ့်ဒဂုံစီးတီးအိမ်ရာစီမံကိန်းကို ဖျက် သိမ်းပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာစာထုတ်ပြန်မပေးနိုင် ဘူးလို့ နိုင်ငံတော် သမ္မတရုံးက အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) မဘသကို အကြောင်းပြန်ခဲ့ကြောင်း မဘသ ဦးဆောင်ဆရာတော်တွေ က မိန့်ကြားပါတယ်။

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခကို တွေ့ရစဉ် Photo: Kyaw Zaw Win/RFA

ရွှေတိဂုံစေတီတော်အနီး တည်ဆောက်မယ့် ဒဂုံစီးတီးအိမ်ရာစီမံကိန်းကို ဖျက်သိမ်းပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာ စာထုတ်ပြန်မပေးနိုင်ဘူးလို့ နိုင်ငံတော် သမ္မတရုံးက အမျိုးဘာသာသာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) မဘသ ကို အကြောင်းပြန်ခဲ့ကြောင်း မဘသ ဦးဆောင်ဆရာတော်တွေက မိန့်ကြားပါတယ်။

ဒဂုံစီးတီးအိမ်ရာစီမံကိန်းကို ဆက်လက် မဆောင်ရွက်တော့ပေမယ့် အမိန့်ကြေညာစာကိုတော့ ထုတ်ပြန်မပေးနိုင် ဘူးလို့ မနေ့က ရန်ကုန်တိုင်းသာသနာရေး ဦးစီးမှူး ဦးစိန်မော် က ဖုန်းနဲ့အကြောင်းကြားခဲ့တယ်လို့ မဘသ ဦးဆောင်ဆရာတော် ဦးပါမောက္ခ က မိန့်ကြားပါတယ်။

"အကြောင်းပြန်တာကလည်း ရန်ကုန်သာသနာရေးမှူး ဦးစိန်မော်ထံကနေပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဆက်လက်ပြီးတော့မလုပ်ဘူး၊ သမ္မတရုံးက အမိန့်ကြေညာစာတော့ ထုတ်လုပ်မပေးနိုင်ဘူးဆို ပြီးတော့ ဘုန်းကြီးတို့ဆီ အကြောင်း ပြန်ပါတယ်၊ ဘာကြောင့်အကြောင်းပြန်စာထုတ်မပေး တာလည်းဆိုတော့ အချိန်ကာလ ကလည်းတိုတယ်တဲ့၊ နိုင်ငံခြားကဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့လည်း လုပ်ထားရတော့ သူတို့ မှာ မလွယ်ကူဘူးလို့ အကြောင်းပြန်ပါတယ်"

အမိန့်ကြေညာစာထုတ်ပြန်မပေးတဲ့အတွက် ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက်ရေး လက်ကမ်း စာစောင်ဝေတာတွေ၊ လက်မှတ်ကောက်ခံတာတွေနဲ့ လွှတ်တော်ထဲမှာ ဆွေးနွေးဖို့အထိ စတဲ့ လှုပ်ရှားမှုတွေကို အဖွဲ့အနေနဲ့ ဆက်လက်လုပ်ဆောင်သွား မယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

ဒဂုံစီးတီးစီမံကိန်း လုံးဝပယ်ဖျက်ပေးပါမယ်ဆိုတဲ့ အမိန့်ကြေညာစာကို ၁၅ ရက်အတွင်း ထုတ်ပြန်ပေးပါမယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုးကြီးတင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့က ပြီးခဲ့တဲ့ ဇွန်လ၂၀ ရက် နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ် အောင်ဆန်းတပ်ဦး ကျောင်းတိုက် မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ကတိပေးခဲ့တယ်လို့ သိရပါတယ်။

ဒဂုံစီးတီးစီမံကိန်းဟာ ယခင်က တပ်မတော်စစ်ရုံးချုပ်ဟောင်းနဲ့ မော်တော်ယာဉ်တပ် ရှိတဲ့ မြေနေရာ ဖြစ်ပြီးဧက ၂၀ ကျော်မှာအထပ်မြင့်ကွန်ဒို အဆောက် အအုံတွေ ဆောက်လုပ်ဖို့ စီစဉ်ထားတဲ့ စီမံကိန်း ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org