လာအိုက ဖမ်းဆီးလိုက်တဲ့ အွန်လိုင်းလိမ်လည်မှုကွန်ရက်မှာ လုပ်ကိုင်သူတွေထဲ မြန်မာတွေပါဝင်

နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှိမ်နင်းရေးအစီအစဉ် တစ်စိတ်တစ်ဒေသ အနေနဲ့ သြဂုတ် ၁၂ ရက်က ဖမ်းဆီးမိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

မြန်မာ၊ ထိုင်းနှင့် လာအိုနိုင်ငံနယ်စပ် ရွှေတြိဂံဒေသ၏ ကာစီနိုအဆောက်အအုံကို မဲခေါင်မြစ်ထဲမှ တွေ့ရစဉ်။ International Crisis Group

 မြန်မာ၊ ထိုင်းနဲ့ လာအို နယ်စပ်မှာရှိတဲ့ အထူးစီးပွားရေးဇုန်က ဆိုင်ဘာ အွန်လိုင်းလိမ်လည်မှုကွန်ရက်မှာ လုပ်ကိုင်နေတဲ့ လူ ၈၀၀ နီးပါးကို လာအိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ AFP သတင်းက သြဂုတ် ၂၂ ရက်ကဖော်ပြပါတယ်။

ဖမ်းဆီးမိသူတွေအများစုဟာ လာအို၊ မြန်မာနဲ့ တရုတ်နိုင်ငံကဖြစ်ကြပြီး ဘရွန်ဒီ၊ ကိုလံဘီယာ၊ အီသီယိုပီးယား၊ ဂျော်ဂျီယာ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မိုဇမ်ဘစ်၊ တူနီးရှား၊ ဖိလစ်ပိုင်၊ ယူဂန္ဓာနဲ့ ဗီယက်နမ်တွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံသား ၂၃၁ ယောက်ပါဝင်တယ်လို့ RFA အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ ရေးသားထားပါတယ်။

မြန်မာ - ထိုင်း - လာအို သုံးပွင့်ဆိုင်ရွှေတြိဂံဒေသ လာအိုနိုင်ငံက ဘိုကဲအိုပြည်နယ်ဟာ တရုတ်ပိုင် ကာစီနိုလောင်းကစားရုံတွေနဲ့ ဟိုတယ်တွေရှိပြီး မကြာခင် နှစ်ပိုင်းတွေမှာတော့ ဥပဒေမဲ့လုပ်ငန်းတွေ လည်ပတ်ကျက်စားရာ နေရာဖြစ်လာတယ်လို့ ဆိုပါတယ်။

ခုအမှုဟာ အထူးစီးပွားရေးဇုန်အတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုနှိမ်နင်းရေးအစီအစဉ် တစ်စိတ်တစ်ဒေသ အနေနဲ့ သြဂုတ် ၁၂ ရက်က ဖမ်းဆီးမိခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org