အမုန်းစကားပြောဆိုရေးသားမှု ဆိုင်ရာ ဥပဒေကြမ်း ရှေ့နေချုပ် ရုံးပေးပို့ထား

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ အမုန်းစကားပြောကြားမှုနဲ့ ပတ်သက်ပြီး ဥပဒေရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ထားပြီး ပြဌာန်းဖို့ ကြိုးစားနေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ်။

ဝန်ကြီးဌာန လေးခုရဲ့ ရက် ၁ဝဝ စီမံကိန်းရှင်းလင်းပွဲကို သြဂုတ်လ ၁၉ ရက်နေ့က တွေ့ရစဉ် Photo: Win Naung Toe/RFA

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအနေနဲ့ အမုန်းစကားပြောကြားမှုနဲ့ ပတ်သက်ပြီး ဥပဒေရေးဆွဲပြီး ပြည်ထောင် စုရှေ့နေချုပ်ရုံးကို ပေးပို့ထားပြီး ပြဌာန်းဖို့ ကြိုးစားနေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးဇာနည်ဝင်းက ပြောပါတယ်။

ဒီနေ့ ကျင်းပတဲ့ ဝန်ကြီးဌာန လေးခု ရက် ၁ဝဝ စီမံကိန်းရှင်းလင်းပွဲမှာ အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။

"အမုန်းစကားများ ဖြန့်ဖြူးတဲ့ကိစ္စ၊ ဘာသာရေး၊ လူမျိုးရေးနဲ့ပတ်သက်ပြီး ထိလွယ်ရှလွယ်တဲ့ကိစ္စတွေကို ထိန်းကျောင်းဖို့ဆိုတာ ကျနော်တို့နိုင်ငံမှာ လက်ရှိရေးဆွဲထားတဲ့၊ ပြဌာန်းထားတဲ့ဥပဒေ တစ်ခုမှမရှိပါဘူး၊ အဲ့ဒီတော့ ဒီဥပဒေတွေကို ပြဌာန်းနိုင်ဖို့အတွက် ကျနော်တို့ ဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပါတယ်"

သာသနာရေးနဲ့ ယဉ်ကျေးမှု၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စီမံကိန်းနဲ့ ဘဏ္ဍာရေး၊ စိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လေးခုက သူတို့ရဲ့ ရက် ၁ဝဝ စီမံကိန်းအတွင်း ဆောင်ရွက်ခဲ့တာတွေကို ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ရက် ၁ဝဝ စီမံကိန်းအတွင်း သတ္တုတူးဖော်ရေး ကုမ္ပဏီတွေကို စနစ်တကျဖြစ်အောင် ဆောင်ရွက်နေကြောင်းပြောပါတယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ ကုမ္ပဏီတွေကို လိုင်စင်ချထားပေးရာမှာ ဖြေလျှော့မှုတွေ ဆောင် ရွက်ပေးနေကြောင်း ရှင်းလင်းပါတယ်။

စိုက်ပျိုရေး မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ရက် ၁ဝဝ စီမံကိန်းအတွင်း မြို့နယ် ၁၂ဝ မှာ လယ်ယာမြေ မှတ်ပုံတင်ရေးကို ဒစ်ဂျစ်တယ်စနစ်နဲ့ ဆောင်ရွက်ပေးခဲ့ကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် လယ် တစ်ဧကကို ငွေကျပ် တစ်သိန်းခွဲ ထုတ်ချေးပေးခဲ့ပြီး စိုက်ပျိုးရေး နည်းပညာပေးရေး လုပ်ငန်းတွေကို ဆောင်ရွက်နေကြောင်းရှင်းလင်းပြောကြား ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org