စစ်တွေမှာ သက်ကြီးပိုင်းတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးပိုင်းတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ဒီကနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းစလို့ စတင်ထိုးပေး နေပါတယ်။

စစ်တွေမြို့ အ.ထ.က(၂) ကျောင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးပေးနေတာကို ၂၀၂၁၊ ဇူလိုင် ၃၁ ရက်နေ့က တွေ့ရစဉ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးပိုင်းတွေကို ကိုဗစ်ကာကွယ်ဆေးတွေ ဒီကနေ့ ဇူလိုင် ၃၁ ရက် မနက်ပိုင်းစလို့ စတင်ထိုးပေးနေပါတယ်။

ဒီကာကွယ်ဆေးတွေဟာ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးဖြစ်ပြီး မနေ့က ဇူလိုင်လ ၃၀ ရက်နေ့ မနက်ပိုင်းကမှ ရခိုင်ပြည်နယ်ကို တပ်မတော် လေယာဉ်နဲ့ ရောက်ရှိလာတာဖြစ်တယ်လို့ သိရပါတယ်။

စစ်တွေမြို့ အထက (၂)၊ အထက (၄)၊ အထက (၉) စတဲ့ အခြေခံပညာသင်ကျောင်းတွေမှာ စုရပ် အနေနဲ့ သက်ကြီးပိုင်းတွေကို စတင်ထိုးနေတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ သေဆုံးသူ ၁၇၅ ဦးနဲ့ ကူးစက်ခံရသူ ၂၇၁၄ ဦးရှိတယ်လို့ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက မနေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org