မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့်သေဆုံးသူ ၃၂၁၈ ဦးရှိပြီ
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု အတည်ပြုလူနာသစ် ၇၂ဦး မနေ့က စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်ဆေးတွေ့ရှိမှုတွေ အများဆုံးက နေပြည်တော်တဝိုက်က ကျန်းမာရေးဌာနတွေမှာ ဖြစ်ပါတယ်။ ဇွန်လ ၁ရက် ည ၈နာရီ ကနေ ဇွန်လ ၂ရက် ည၈နာရီအတွင်း စစ်ဆေးလို့ တွေ့ရှိတာပါ။
- 2021-06-02
-
-
-
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှု အတည်ပြုလူနာသစ် ၇၂ဦး မနေ့က စစ်ဆေးတွေ့ရှိတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ စစ်ဆေးတွေ့ရှိမှုတွေ အများဆုံးက နေပြည်တော်တဝိုက်က ကျန်းမာရေးဌာနတွေမှာ ဖြစ်ပါတယ်။ ဇွန်လ ၁ရက်ည ၈နာရီ ကနေ ဇွန်လ ၂ရက် ည၈နာရီအတွင်း စစ်ဆေးလို့ တွေ့ရှိတာပါ။ ကိုဗစ်ရောဂါကြောင့် သေဆုံးရသူ စုစုပေါင်း မြန်မာနိုင်ငံမှာ ၃၂၁၈ ဦး ရှိသွားပြီလို့လည်း မနေ့က သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုဗစ်ရောဂါဖြစ်တယ်လို့ အတည်ပြုနိုင်တဲ့ လူနာစုစုပေါင်းက တသိန်းလေးသောင်းသုံးထောင်ကျော် ရှိပြီး အဲဒီအထဲက ဆေးရုံက ဆင်းခွင့်ရသူ စုစုပေါင်း တသိန်းသုံးသောင်းနှစ်ထောင်ကျော် ရှိတယ်လို့ ဆိုပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကိုဗစ် ဖြစ်ပွားမှုတွေ တကြိမ် ပြန်မြင့်တက်လာနေပါတယ်။ ဒါပေမယ့် သေဆုံးသူ အရေအတွက်က ၁၁ဝဝ ကျော်ပဲရှိတာကြောင့် မြန်မာနိုင်ငံက သေဆုံးမှုက ထိုင်းထက် နှစ်ထောင်ကျော် ပိုများနေပါတယ်။
စစ်အာဏာသိမ်းတာကို မကျေနပ်လို့ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုထဲမှာ ကျန်းမာရေးလောကသားတွေ ထောင်နဲ့ ချီပါဝင်နေတာကြောင့် စစ်ကောင်စီရဲ့ ကိုဗစ်စစ်ဆေးတွေ့ရှိမှုတွေနဲ့ ထုတ်ပြန်ချက်တွေအပေါ်မှာ သံသယဖြစ်မှုတွေလည်း ပြည်သူတွေအကြားမှာ ရှိနေပါတယ်။