မစုစုနွေးနဲ့ တောင်သူတွေအပေါ် စွဲဆိုထားတဲ့အမှုတွေ ရုပ်သိမ်းပေး

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် တရားရုံးမှာ တရားမဝင် စီတန်းလှည့်လည် မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထား ရတဲ့ မစုစုနွေး အပါအဝင် ၉ ဦးကို တရားလိုဘက်က အမှု ကို ရုပ်သိမ်းပေးလိုက်ပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂအဖွဲ့ ဥက္ကဌ မစုစုနွေးကို ၂ဝ၁၅ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့က ပဲခူးမြို့နယ် တရားရုံးရှေ့မှာ တွေ့ရစဉ် Photo: Aung Thain Kha/RFA

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တရားရုံးမှာ တရားမဝင် စီတန်းလှည့်လည်မှု ဆိုင်ရာ ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုခံထားရတဲ့ မစုစုနွေး အပါအဝင် ၉ ဦးကို တရားလိုဘက် က အမှုကို ရုပ်သိမ်းပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က အမှုတွေ ရုပ်သိမ်းလိုက်တာဖြစ်ပေမယ့် ဘယ်သူ့ကိုမှ အကြောင်းမကြားတာကြောင့် ဒီကနေ့ ရုံးချိန်းသွားချိန်မှ သိခဲ့ရတာ လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားသမဂ္ဂ ဥက္ကဌ မစုစုနွေးက ပြောပါတယ်။

"ပုဒ်မ ၁၈ နဲ့ ၈ ရက်နေ့က ရုပ်သိမ်းလိုက်ပြီဆိုတာကို ကျမအပါအဝင် ၉ ယောက်လုံးကို တစ်ယောက်မှ အကြောင်းမကြားပါဘူး၊ ဒီနေ့မနက် တရားရုံးကို သွားတဲ့အခါကျတော့ ၈ ရက်နေ့တည်းက အမှုကိုရုပ်သိမ်း လိုက်လို့ တရားရုံးကို လာစရာမလိုတော့ဘူး လို့ပြော တယ်၊ တရားရုံးကချမှတ်လိုက်တဲ့အမိန့်ကိုပဲ ကူးပြီးပြန် ပါလို့ပြောတယ်၊ ကျမတို့ ပုဒ်မ ၁၈ ကို ရဲဘက်က ရုပ်သိမ်းလိုက်တဲ့ကိစ္စပေါ့နော်၊ ကျမတို့က တရားသေလား၊ တရားရှင် လားလို့မေးတယ်၊ တရားသူကြီးက ၄၉၄ ( က )အရ၊ ကျမတို့က အာမခံယူထားတဲ့သူတွေဖြစ်တဲ့ အတွက် တရားရှင်လွှတ်တာပါလို့ပြောတယ်"

၂ဝ၁၄ ခုနှစ် မေလက ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေထဲ ဝင်ရောက် တဲ့တောင်သူ ၅ ဦး ရိုက်နှက်ခံရတာနဲ့ ပတ်သက်ပြီး တရားခံကို စုံစမ်းဖော်ထုတ်ပေးဖို့ ဆန္ဒပြတောင်းဆိုတာကြောင့် မစုစုနွေးအပါအဝင် ဒေသခံတောင်သူ ၉ ဦးကို ပြင်ဦးလွင်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲမှူးမြင့်သိန်းက တရားလိုလုပ်ပြီး ပုဒ်မ ၁၈နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

အမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေ ၁၇ ဦးရှိတဲ့အထဲက သက်သေ ၂ ဦးကို စစ်ဆေးပြီးချိန်မှာ တရားစွဲဆိုထား တာကို ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org