ထိုင်းရောက် မြန်မာအလုပ်သမားတွေကြား ကိုဗစ်ကူးစက်မှု မြင့်တက်နေဆဲ

ထိုင်းနိုင်ငံမှာ အနီရောင်အဆင့် သတ်မှတ်ထားတဲ့ စမွတ်ဆာခွန်ခရိုင် မဟာချိုင်က မြန်မာရွှေ့ပြောင်းလုပ်သားတွေကြား၊ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ မြင့်တက်နေဆဲ ဖြစ်ပြီး ပိုးတွေ့ မြန်မာရွှေ့ပြောင်း အလုပ်သမား တစ်ထောင်ကျော်လောက်ကို ယာယီကုသဆောင်မှာ စောင့်ကြည့်စစ်ဆေးနေပါတယ်။

ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်တွင် ၂ဝ၂ဝ ဒီဇင်ဘာ ၁၉ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ်ပိုးရှိ မရှိ အစစ်ဆေးခံရန် စောင့်ဆိုင်းနေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ။ Photo: AFP

ထိုင်းနိုင်ငံမှာ အနီရောင်အဆင့် သတ်မှတ်ထားတဲ့ စမွတ်ဆာခွန်ခရိုင် မဟာချိုင်က မြန်မာရွှေ့ပြောင်းလုပ်သားတွေကြား၊ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ မြင့်တက်နေဆဲ ဖြစ်ပြီး ပိုးတွေ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တစ်ထောင်ကျော်လောက်ကို ယာယီကုသဆောင်မှာ စောင့်ကြည့်စစ်ဆေးနေပါတယ်။

မြဝတီမြို့ တဖက်ကမ်း မဲဆောက်မြို့ အပါအဝင် ခရိုင်တခုလုံးကိုလည်း ဇန်နဝါရီ လ ၃၁ ရက်နေ့ထိ အသွားအလာ ကန့်သတ်ထားဆဲ ဖြစ်ပါတယ်။ မဲဆောက်မြို့မှာ ကိုဗစ်ပိုးကူးစက်သူ ၁၇ ဦးအထိ ရှိလာခဲ့လို့ မြို့ကို အနီရောင်အဆင့်ထိ သတ်မှတ်ထားပါတယ်။ ကူးစက်ခံရသူတွေထဲမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ အများဆုံး ပါဝင်နေပါတယ်။

မဲဆောက်အပါအဝင် ၂၈ ခရိုင်ကို အသွားအလာကန့်သတ်ထားပေမယ့် ထိုင်းမြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေး တံတားပေါ်ကနေ နှစ်နိုင်ငံကုန်စည် စီးဆင်းမှုတွေတော့ ပုံမှန်ရှိနေကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံဟာ ကိုဗစ်ရောဂါကူးစက်မှု ပထမလှိုင်းကို အကောင်းဆုံး ကာကွယ်ထိန်းချုပ်နိုင်ခဲ့ပြီး သေဆုံးသူ ၅၉ ဦးသာ ရှိခဲ့ပေမယ့် အခုဒုတိယလှိုင်းမှာ ဒီနေ့အထိ ကူးစက်မှု ကိုးထောင်ကျော်ရှိခဲ့ပြီး ခုနှစ်ဦး သေဆုံးခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဇန်နဝါရီလ ၇ ရက်နေ့က ကိုဗစ်ရောဂါပိုး တွေ့ရှိသူ လူနာသစ် ၃၀၅ ဦး ရှိပြီး ၁၉၃ ဦးမှာ ပြည်တွင်းကူးစက်မှု ဖြစ်ပါတယ်။ ကူးစက်ခံရသူ စုစုပေါင်း ၉၆ဝဝကျော်ရှိပြီး သေဆုံးသူ ၆၇ ဦးအထိ ရှိလာ ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org