စစ်မှုထမ်းဥပဒေကြောင့် ဖမ်းဆီးခံရသူ နှစ်သောင်းသုံးထောင်နီးပါးရှိကြောင်း NUG ထုတ်ပြန်

စစ်ကောင်စီ မတရားစစ်မှုထမ်းဥပဒေပြဌာန်းပြီး လူငယ်တွေကို အဓမ္မစစ်မှုထမ်းဖို့ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေ၊ ပုံစံတွေနဲ့ အဖြစ်အပျက်တွေကို စာရင်းပြုစု ထုတ်ပြန်လိုက်တာပါ။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၈) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ဖွင့်လှစ်ခဲ့စဉ်။ Myanmar Military

အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှုပေါင်း လက်ရှိအချိန်အထိ ၁၁၆၀ မှုရှိခဲ့ပြီး ဖမ်းဆီးခံရသူပေါင်း ၂၂,၇၆၅ ဦး ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ မတရားစစ်မှုထမ်းဥပဒေပြဌာန်းပြီး လူငယ်တွေကို အဓမ္မစစ်မှုထမ်းဖို့ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေ၊ ပုံစံတွေနဲ့ အဖြစ်အပျက်တွေကို စာရင်းပြုစု ထုတ်ပြန်လိုက်တာပါ။

လူ့အခွင့်အရေးဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့အချက်တွေနဲ့ စနစ်တကျကောက်ယူစုဆောင်းထားတဲ့အချက်အလက်တွေကို အခြေခံထုတ်ပြန်တာလို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်မှာ စစ်ကောင်စီကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်စဉ်တွေကို လအလိုက်၊ တိုင်းနဲ့ပြည်နယ်တွေအလိုက်နဲ့ အသက်အရွယ်အလိုက် ဖော်ပြထားပါတယ်။

စစ်သားစုဆောင်းခံရမှု အများဆုံးက ရခိုင်ပြည်နယ်ဖြစ်ပြီး ၃၈၄၉ ယောက်၊ မန္တလေးတိုင်း ဒုတိယအများဆုံးဖြစ်ပြီး ၃၇၀၉၊ ဧရာဝတီတိုင်းက တတိယအများဆုံးဖြစ်ပြီး ၃၂၁၄ ယောက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org