မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံမှု နိုင်ငံတကာ စိုးရိမ်

မြန်မာနိုင်ငံမှာ ညူကလီးယား လက်နက် ထုတ်လုပ်နေပြီဆိုတဲ့ အထောက်အထားတွေဟာ ခိုင်လုံမှု မရှိပေမဲ့ မြန်မာနဲ့ မြောက်ကိုရီးယားတို့ အနီးကပ် ဆက်ဆံနေမှုကတော့ နိုင်ငံတကာအတွက် အထူးစိုးရိမ်စရာ ဖြစ်တယ်လို့ အမေရိကန် ကျွမ်းကျင်သူတွေက ဧပြီ ၁၁ ရက် မနေ့က ပြောကြားလိုက်ပါတယ်။

ဗိုလ်ချုပ်ကြီး သူရရွှေမန်းနှင့် မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်တွင် စစ်ဖက်ဆိုင်ရာ အမိန့်ပေး ထိန်းချုပ်စနစ် (Command Control System) အကြောင်းကို ၂၀ဝ၈ ခုနှစ်၊ နိုဝင်ဘာလ ၂၃ရက်က ရှင်းလင်းပြသနေပုံ ဖြစ်ပါသည်။ (Photo from junta's top secret dossier) (Photo: RFA)

Griffith တက္ကသိုလ်က သုတေသီ Andrew Selth က မြန်မာနိုင်ငံဟာ ညူကလီးယား နည်းပညာရရှိဖို့ ကြိုးပမ်းနေတယ်ဆိုတာ အားလုံးအသိ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်နက်ထုတ်လုပ်ရေးအတွက်လား ဒါမှမဟုတ် တခြား ဘာရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေသလဲ ဆိုတာ တိတိကျကျ မသိရသေးပါဘူးလို့ သုတေသီ Andrew Selth က ပြောသွားပါတယ်။

IAEA နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ အကြီးအကဲဟောင်း Robert Kelley ကလည်း မြန်မာအစိုးရဆီမှာ ရုရှား အကူအညီနဲ့ ညူကလီးယား သုတေသန ဓာတ်ပေါင်းဖို အသေးစားတခု တည်ဆောက်နေတာ ရှိပေမဲ့ ဗုံးထုတ်လုပ်ဖို့ ဆိုတဲ့ အထောက်အထားမျိုး မတွေ့ရှိရသေးကြောင်း ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်၊

ဒါ့ပြင် အမေရိကန်-ကိုးရီးယား သိပ္ပံက ပညာရှင် Alexandre Mansourov ကလည်း မြန်မာအစိုးရဟာ မြောက်ကိုးရီးယားထံက စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေတဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက် စည်းကမ်းတွေကို ချိုးဖောက်မှု ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်က John Hopkins တက္ကသိုလ် နိုင်ငံတကာ အထူးပြု လေ့လာရေးဌာနမှာ မြန်မာနဲ့ မြောက်ကိုရီးယားအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်နေမှု ခေါင်းစဉ်နဲ့ မနေ့က ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကျွမ်းကျင်သူတွေက ခုလို ပြောဆိုခဲ့ကြတာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org