ကြေးနီစီမံကိန်းမှ လျော်ကြေးရဖို့ လွှတ်တော်မှာ တင်ပြသွားမည်
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့ နယ်က စံပယ်တောင်၊ ကြေး စင်တောင် ကြေးနီစီမံကိန်းက မြေယာလျော်ကြေး ရဖို့ တောင်းဆိုနေတဲ့ ဒေသခံတွေ ရဲ့ တောင်းဆိုချက်တွေ ကို ပြည်သူ့လွှတ်တော်မှာ တင်ပြသွားမှာဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
-
2015-05-31 -
-
-
Your browser doesn’t support HTML5 audio
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းက မြေ ယာလျော်ကြေးရဖို့ တောင်းဆိုနေတဲ့ ဒေသခံတွေ ရဲ့ တောင်းဆိုချက်တွေကို ပြည်သူ့လွှတ်တော်မှာ တင်ပြသွား မှာဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
ဒီကနေ့ ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာမှာ လယ်အသိမ်းခံထားရတဲ့ ဒေသခံတောင်သူ ၁ဝဝ ကျော်နဲ့ တွေ့ ဆုံခဲ့ပြီး ဒေသခံတွေရဲ့ပြောကြားချက်တွေကို နားထောင်ခဲ့ပြီး လွှတ်တော်မှာ တင်ပြဖို့ ကြိုးစားသွားမယ်လို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။
"မြန်မာယန်စီကုမ္ပဏီနဲ့ ပတ်သက်ပြီးတော့ စံပယ်တောင်၊ ကြေးစင်တောင်ဘက်က လယ်သမားတွေ မြေ ယာလျော်ကြေးလိုချင်လို့ တောင်းဆိုတဲ့ဒေသခံ ၅၀ ကျော်ကို တရားစွဲဆိုထားတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက် ပြီးတော့လည်း ဒေသခံတွေနဲ့ တွေ့ဖို့ကျမ ဒီနေ့သွားတာပါ၊ စီမံကိန်းကြောင့် သူတို့ရဲ့ဆုံးရှုံးမှုတွေရယ်၊ တစ်ကယ်စီမံကိန်းထဲမှာ အကောင်အထည်ဖော်ပြီးပါပြီလို့ တင်ပြထားတဲ့အချက်တွေက ပြည်သူလူထုကို အကျိုး မပြုတာတွေရော၊ ဒေသခံတွေရဲ့တင်ပြတဲ့ အချက်တွေ တော်တော်များများ ကျမလည်း တွေ့ခဲ့ရပါတယ်၊ ကျမအနေနဲ့ အကောင်အထည်ဖော်ရေးကော်မတီကို ဆက်လက်ပြီး တင်ပြသွားမှာဖြစ်သလို ပြည်သူ့ လွှတ်တော်ထဲကနေလည်း ကျမဆွေးနွေးသွားမှာ ဖြစ်ပါတယ်"
စပယ်တောင်နဲ့ ကြေးစင်တောင်စီမံကိန်းကြောင့် မြေယာဆုံးရှုံးခဲ့သူတွေ တောင်းဆို ထားတာတွေက မြေ ယာလျော်ကြေးကို ကာလပေါက်ဈေးအတိုင်း ရဖို့၊ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးဖို့၊ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းပေးဖို့နဲ့ ကုမ္ပဏီမှာ နေ့စားဝန်ထမ်း တွေကိုအမြဲတမ်း ဝန်ထမ်းတွေအဖြစ် ခန့်အပ်ပေးဖို့ တောင်းဆိုထား ပါတယ်။
စံပယ်တောင်-ကြေးစင်တောင် ကြေးနီစီမံကိန်းအတွက် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၈၇ ခုနှစ်က မြေဧက ခြောက်ထောင်ကျော်ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ စီမံကိန်းအကောင်အထည်ဖေါ်နေတဲ့ ယန်စီ-မြန်မာကုမ္ပဏီက လျော်ကြေးပေးခဲ့တာ ရှိသလို လျော်ကြေးမရသေးသူတွေလည်း ရှိကြောင်းသိရပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်ခင်စန်းလှိုင်ကို RFA ဦိးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။