ဥပဒေ ၁၄၂ ခု ပြုပြင်ဖို့ ကော်မရှင် အကြံပြု

လက်ရှိ တည်ဆဲဥပဒေတွေထဲက ဥပဒေ ၁၄၂ ခုကို ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ ရုပ်သိမ်းဖို့နဲ့ အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်က လွှတ်တော်ဥက္ကဋ္ဌတွေ ထံ ပေးပို့ထားပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ သူရဦးရွှေမန်း ကို တွေ့ရစဉ် Photo: Thura U Shwe Mann Facebook

လက်ရှိ တည်ဆဲဥပဒေတွေထဲက ဥပဒေ ၁၄၂ ခုကို  ပြင်ဆင်ဖို့၊ ပယ်ဖျက်ဖို့၊ ရုပ်သိမ်းဖို့နဲ့ အသစ်ပြန်လည်ရေးဆွဲဖို့ လိုအပ်ကြောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ် များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က လွှတ်တော်ဥက္ကဋ္ဌတွေထံ ပေးပို့ထားပါတယ်။

ဒီအကြံပြူချက်တွေကို ပေးပို့ရတာဟာ ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေကို အများပြည်သူတွေ သိရှိနိုင်ရေး နဲ့ ခေတ်နဲ့မလျော်ညီတဲ့ ဥပဒေတွေကို ပြင်ဆင်ရေးနိုင်ရေးဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အဲ့ဒီကော်မရှင်ရဲ့ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးရမှာဖြစ်တဲ့အတွက် လတ်တလော ဘယ်လိုဥပဒေတွေလဲဆိုတာ အတိအကျ မပြောလိုသေးဘူးလို့ ပြောပါတယ်။

ကော်မရှင်က ပေးပို့တဲ့ အကြံပြုချက်ထဲမှာ တည်ဆဲ ဥပဒေသာရှိပြီး နည်းဥပဒေ မထုတ်ပြန်နိုင်သေးတဲ့ ဥပဒေတွေ၊ ဘတ်ဂျက်နဲ့စီမံကိန်းဥပဒေ၊ အခွန်အကောက်ဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနဲ့ အကျိုးစီးပွား မြှင့်တင်ရေးဥပဒေ စတဲ့ ဥပဒေတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က အဲဒီကော်မရှင်ကို ဥက္ကဌ သူရဦးရွှေမန်းအပါအဝင် အဖွဲ့ဝင် ၃၅ ဦး နဲ့ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org