ဒေါ်အောင်ဆန်းစုကြည်၊ အင်န်အယ်လ်ဒီနဲ့ လူမှုအဖွဲ့စည်းတွေ ကလင်တန် တွေ့မည်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ မနက် ၇ နာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင် အဖွဲ့နဲ့ ဆက်လက် တွေ့ဆုံမှာ ဖြစ်ကြောင်း အင်န်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် အဖွဲ့ဝင်များ အလုပ်လုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

အဲဒီနောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟာ ၁၁ နာရီ ၄၅ မိနစ်မှာ လူမှုအခြေပြု အရပ်ဘက်အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပြီး အဲဒီအထဲမှာ ဟာသ အနုပညာရှင် ဇာဂနာ ခေါ် ကိုသူရ၊ ကိုမျိုးရန်နောင်သိမ်း၊ မဖြူဖြူသင်းနဲ့ စာရေးဆရာ မောင်ဝံသတို့လည်း ပါဝင်ကြပါမယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org