ဗုဒ္ဓဘာသာကရင်တပ်ဖွဲ့နှင့် စစ်အစိုးရတပ်များ တနေ့တည်း တိုက်ပွဲ ၃ ကြိမ်ဖြစ်
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းမှာ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) တပ်နဲ့ နအဖ စစ်အစိုးရတပ်တွေ ဒီနေ့ ဒီဇင်ဘာ ၁၄ ရက်မှာ တနေ့တည်းအတွင်း တိုက်ပွဲ ၃ ကြိမ် ဖြစ်တယ်လို့ သိရပါတယ်။
-
2010-12-14 -
-
-
Your browser doesn’t support HTML5 audio
ကော့ကရိတ်မြို့နယ်အတွင်းက ကနဲလေးနဲ့ ထီးကပလယ် ကျေးရွာတွေ တဝိုက်မှာ စစ်အစိုးရတပ် စကခ ၈၊ စကခ ၁၂ နဲ့စကခ ၁၉ လက်အောက်ခံ တပ်တွေက ဝေါ်လေ ဖလူးနယ်မြေ အပါအဝင် အဲဒီဒေသကို ပြန်လည် ထိန်းချုပ်နိုင်ဖို့ တပ်အင်အား တိုးချဲ့ချလာတာလို့ သိရပါတယ်။
အခု ရက်ပိုင်းအတွင်း စကခ ၁၉ လက်အောက်ခံ တပ်ရင်း ၂ ရင်း အင်အား ထပ်ပြီး တိုးလာတာကြောင့် DKBA ၊ ABSDF တပ်ဖွဲ့တွေနဲ့ ထပ်ပြီး တိုက်ပွဲတွေ ဖြစ်နေတာလို့ ABSDF တပ်မှူး ကိုခင်ကျော်က RFA ကို ပြောပါတယ်။
တပြိုင်နက်တည်းမှာပဲ အခုရက်ပိုင်းအတွင်း ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ကျေးရွာတွေက ပြည်သူတွေဟာလည်း ထိုင်း-မြန်မာနယ်စပ် အုန်းဖြန်ကျေးရွာ အပါအဝင် နယ်စပ်တွေကို ထပ်ပြီး ထွက်ပြေး ပုန်းအောင်းကြသူတွေ ပိုများလာနေတယ်လို့လည်း သိရပါတယ်။
ဒီတိုက်ပွဲတွေနဲ့ ABSDF-DKBA မဟာမိတ်တပ်တွေရဲ့ လှုပ်ရှားမှုတွေအကြောင်း RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ABSDF တပ်မှူး ကိုခင်ကျော်ကို ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |