ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်

ချင်းတွင်းမြစ်ရေမြင့်တက်မှုဟာ နောက်နှစ် ရက်အတွင်း စစ်ကိုင်းတိုင်း ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မော်လိုက်မြို့တွေ မှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ဆက် လက်မြင့်တက်နေမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုးဦးစီး ဌာနက သတိပေးထုတ်ပြန်ပါတယ်။

ချင်းတွင်းမြစ်ရေကြောင့် မော်လိုက်မြို့ စွယ်တော်ရပ်ကွက်မှာ ရေကြီးပြီး ကမ်းပါးပြိုကျနေတာကို တွေ့ရစဉ် Photo:Sagaing Regional lnformation Page

ချင်းတွင်းမြစ်ရေမြင့်တက်မှုဟာ နောက်နှစ်ရက်အတွင်း စစ်ကိုင်းတိုင်း ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မော်လိုက် မြို့တွေမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ပြီး ဆက်လက်မြင့်တက်နေမှာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုးဦးစီးဌာနက သတိပေးထုတ်ပြန်ပါတယ်။

ချင်းတွင်းမြစ်အထက်ပိုင်းက ရေတွေဟာ ချင်းတွင်းမြစ်အလယ်ပိုင်းကို ဆက်လက်ကျဆင်း လာတာကြောင့် ကလေးဝ၊ မင်းကင်း၊ ကနီနဲ့ မော်လိုက်မြို့တွေအတွက် စိုးရိမ်ရေမှတ်အထက်ကို ရှိနေတာဖြစ်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မြစ်ရေခန့်မှန်းရေးဌာန ဦးစီးအရာရှိ ဦးဝင်းမော် က ပြောပါတယ်။

"တဖြည်းဖြည်းနဲ့ ကျသွားမှာပါ၊ မိုးကလည်း အပေါ်ပိုင်းက နည်းနည်းလျော့တော့လာမယ်၊ နောက်ပြီးတော့ ခန့်မှန်းချက်တွေအရ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတွေ မိုးလျော့လာတဲ့ဒေသတွေ သူကလည်းပြန်ကျ လာမယ်၊ အခြေအနေတောက်လျောက်ပေါ့နော် ဒါပေမဲ့ ချင်းတွင်းအလယ်ပိုင်း ဒေသတွေကတော့ ပြန် တက်ဦးမှာ၊ တက်ဦးမှာဆိုတော့ ကျနော်တို့ အခုနကထုတ်ပြန်ထားတဲ့အတိုင်း မော်လိုက်ကတော့ ပေ ဝက်လောက်တက်မယ်၊ နောက်တစ်ရက်အတွင်း ပေဝက်လောက်တက်မယ်၊ ကလေးဝ၊ မင်းကင်းက နောက် ၂ ရက်အတွင်း ၁ ပေလောက်ပဲ တက်တော့မယ်၊ ကနီကတော့ နောက်ထပ် ၂ ရက်အတွင်း ၁ ပေခွဲ လောက်ပဲတက်မယ်၊ စိုးရိမ်ရေအမှတ်တွေကို ဆက်လက်တည်ရှိမယ်ဆိုတာကို ကျနော်တို့ ထုတ်ပြန်ထားတာလေးရှိပါတယ်"

ချင်းတွင်းမြစ်ကမ်းတလျှောက်နဲ့ မြေနိမ့်ပိုင်းမှာ နေထိုင်သူတွေအနေနဲ့ သတိထားသင့်ကြောင်း၊ စိုးရိမ်ရေမှတ် ကို ကျော်လွန်နေတဲ့ မြို့နယ်တွေမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့လည်း ကြိုတင်ပြင်ဆင် မှုတွေ စီစဉ်ထားသင့် တယ်လို့ ပြောပါတယ်။

ချင်းတွင်းမြစ်ရေဟာ မုံရွာမြို့မှာလည်း နောက်ငါးရက်အတွင်း စိုးရိမ်ရေမှတ်တက်နိုင်ပါတယ်။

ချင်းတွင်းမြစ် အထက်ပိုင်းဖြစ်တဲ့ ခန္တီးမြို့မှာတော့ စိုးရိမ်ရေမှတ်အောက်ကျနေပြီး ဟုမ္မလင်း မြို့နယ်မှာ လည်း နောက် ၂ ရက်လောက်မှာ စိုးရိမ်ရေမှတ်အောက် ကျနိုင်တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org